မြဝတီကုန်သွယ်ရေးဇုန် ကုန်သွယ်မှုများရပ်နားထား

0
146

မြဝတီကုန်သွယ်ရေးဇုန်အနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ကုန်သည်များအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းစဉ်အားလုံးကို ရပ်နားထားကြောင်း မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သည် ဦးသန်းစိုးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

“အခုလောလောဆယ်ကတော့ ရပ်ထားရတာပေါ့။ ဘာမှလုပ်လို့မရဘူး။ဟိုဘက်အဝင်/အထွက်လည်း မရှိသေးဘူး”ဟု ၎င်းကဆိုသည်။

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဂိတ်များအနက် ၉၀ ရာခိုင်နှုန်းနီးပါးကုန်သွယ်မှုပြုလုပ်နေသည့် မြဝတီကုန်သွယ်ရေးဂိတ်တွင် ပြီးခဲ့သည့် မတ်လ (၂၅) ရက်နံနက်ပိုင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့ပြီး ကုန်သွယ်ရေးဂိတ်အချို့ထိခိုက်ပျက်ဆီးမှုများရှိခဲ့သည့်အပြင် လူသေဆုံး/ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့သည်။

တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် မြန်မာနိုင်ငံဘက်ခြမ်းသို့ ကုန်စည်ပို့ဆောင်ရန်အဆင့်သင့်ဖြစ်နေသော ကုန်ကားအစီးရေ ၁၅၀ ကျော်သည်  ထိုင်းဘက်ခြမ်းတွင် ပိတ်မိနေခဲ့ကြောင်း ထိုင်းသတင်းများကဖော်ပြထားသည်။

ယင်းအပြင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း ရန်ကုန်ဘက်မှ ကုန်ကားအချို့သည် ပုံမှန်အတိုင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကို လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဥက္ကဋ္ဌ ဦးကျင်သိန်းက ပေါ်ပြူလာနယူးစ်သို့ ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here