ယ​နေ့အောင်မြေသာစံမြို့နယ် မီးလောင်မှုကြောင့် နေအိမ် ၅ လုံးပျက်စီးဆုံးရှုံး စလောင်သည့် အိမ်ပိုင်ရှင်အား အမှုဖွင့်

0
102

မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်၊အိုးဘိုရွှေကျင်ရပ်ကွက်၊ ၇၆ လမ်း ၈ လမ်းထောင့်တွင် မတ် ၂၇ ရက်(ယနေ့)မွန်းတည့် ၁၂ နာရီ ၆ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်စဥ်၌ နေအိမ် ၅ လုံးပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

မီးလောင်မှုဖြစ်ပွားရခြင်းမှာ ယင်းရပ်ကွက်ရှိ ၂ ထပ်နေအိမ်တစ်လုံး၏ အပေါ်ထပ်ရှိ အိပ်ယာပေါ်တွင် ဖုန်းအားသွင်းထားရာမှအပူလွန်ကဲ၍ အိပ်ယာအား မီးကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မန္တလေးတိုင်းမီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြ၍ မွန်းတည့် ၁၂ နာရီ ၁၃ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းတည့် ၁၂ နာ ရီ ၂၂ မိနစ်၌ မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုကြောင့် နံကပ်ပျဉ်ထောင်(၂)ထပ်နေအိမ် ၄ လုံး၊မြေစိုက်ထရံကာသွပ်မိုး(၁)ထပ် နေအိမ် ၁ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မီးစတင်လောင်ကျွမ်းခဲ့သည့် အသက် (၅၃)နှစ်အရွယ်ရှိ နေအိမ်ပိုင်ရှင်အား အောင်မြေသာစံမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here