ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်အခြားအဖွဲ့များက လက်ရှိ G – 7 ဥက္ကဌ ဂျပန်နိုင်ငံအား ယူကရိန်းအရေးအပြင်အခြားအရေးများ ကို ပါအာရုံစိုက်ရန်တောင်းဆို

0
91

တိုကျို၊မတ် ၂၇

လက်ရှိ G – 7 ဥက္ကဌဂျပန်သည် စစ်ဘက်မဟုတ်သော အခြားနယ်ပယ်များ၌ ၎င်း၏အားသာချက်များကိုအသုံးချကာ အခြားသောကမ္ဘာလုံးဆိုင်ရာပြဿနာများ၌ပါ အာရုံစိုက်စေလို သော အခြားအဖွဲ့ဝင်များနှင့်နိုင်ငံတကာအဖွဲ့အစည်းများထံမှ မျှော်လင့်ချက်များတိုးပွားလာနေကြောင်း ကျိုဒိုသတင်းဌာနကဖော်ပြထားသည်။

ဂျပန်နိုင်ငံသည် ၎င်း၏နိုင်ငံသားအားလုံးအတွက် ၁၉၆၁ ခုနှစ်ကတည်းက ပြည်သူ့ဆေးဘက်ဆိုင်ရာအာမခံကို ပေးအပ်ထားသောကြောင့် အခြားနိုင်ငံများသို့ အပြည်ပြည်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရာ၌လည်း ပါဝင်ကူညီသင့်သည်ဟုလေ့လာဆန်းစစ်သူများကပြောကြားခဲ့ကြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် G – 7 အဖွဲ့ဝင်နိုင်ငံများအား ကမ္ဘာကြီးပူနွေးလာမှုနှင့်လေထုညစ်ညမ်းမှုကိုလျှော့ချရန် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုအားထားမှုကိုရပ်တန့်ရန် တောင်းဆိုထားပြီး ဂျပန်နိုင်ငံသည် ကာဗွန်ကိုဖယ်ရှားပေးနိုင်သည့်နည်းပညာအား လှုံ့ဆော်ရင်းနှီးမြှုပ်နှံခြင်းကဏ္ဍ၌ ဦးဆောင်အခန်းကဏ္ဍမှပါဝင်နိုင်သည်ဟုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားခဲ့သည်။

ယခုတွင်မူ ဗြိတိန်၊ကနေဒါ၊ပြင်သစ်၊ဂျာမဏီ၊အီတလီ၊ဂျပန်နှင့်အမေရိကန်အပြင် ဥရောပသမဂ္ဂတို့သည် ၎င်းတို့၏အစည်းအဝေးတိုင်း၌ ရုရှား – ယူကရိန်းအရေးသာ အစဉ်တစ်စိုက်ဆွေးနွေးခဲ့ကြသည်။

ထို့ကြောင့်လက်ရှိ G – 7 ဥက္ကဌဂျပန်အနေဖြင့် ရုရှား – ယူကရိန်းအရေးအပြင် ၎င်း၏ခေတ်မီနည်းပညာများနှင့်ဆေးပညာကဲ့သို့သောအတွေ့အကြုံများကိုအသုံးချကာ G – 7 ၌၎င်း၏ ဩဇာလွှမ်းမိုးမှုကိုမြှင့်တင်ရန်လည်းကြိုးပမ်းသင့်သည်ဟု သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သေးသည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here