အမေရိကနှင့်တောင်ကိုရီးယားတို့၏စစ်ရေးလေ့ကျင့်မှုအားသတိပေးသည့်အနေဖြင့် မြောက်ကိုရီးယားကတာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းထပ်မံပစ်လွှတ်

0
89

ဆိုးလ်၊မတ် ၂၇

မြောက်ကိုရီးယားသည် ယနေ့နံနက်တွင် တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းအား အရှေ့ဘက်ကမ်းရိုးတန်းပင်လယ်သို့ထပ်မံပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။မြောက်ကိုရီးယား၏ယခုတစ်ကြိမ်ပစ်လွှတ်မှုသည် အမေရိကနှင့်တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်းနောက်ဆုံးအကြိမ်ပစ်လွှတ်မှုလည်းဖြစ်သည်။

အဆိုပါဒုံးကျည်နှစ်စင်းလုံးသည် ဂျပန်၏အထူးသီးသန့်စီးပွားရေးဇုန်အပြင်သို့ကျရောက်သွားပုံပေါ်ကြောင်း ဂျပန်မီဒီယာများ၏ဖော်ပြချက်အရသိရသည်။တောင်ကိုရီးယားစစ်တပ်ကလည်း မြောက်ကိုရီးယား၏ ယခုလုပ်ရပ်အား ပြင်းထန်စွာရှုံ့ချသည်။

တောင်ကိုရီးယားစစ်အကြီးအကဲတစ်ဦးကလည်း ၎င်းတို့အနေဖြင့် မြောက်ကိုရီးယား၏ လှုပ်ရှားမှုတိုင်းကိုသတိထားစောင့်ကြည့်နေပြီး ရန်စမှုတိုင်းအပေါ်တုံ့ပြန်နိုင်စေရန် အဆင်သင့်ပြင်ဆင်ထားမည်ဖြစ်ကြောင်း ပြောကြားလျှက် အမေရိကနှင့်စစ်ရေးလေ့ကျင့်မှုကိုလည်း ဆက်လက် လုပ် ဆောင် သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဂျပန်အစိုးရကလည်း မြောက်ကိုရီးယား၏ ယခု ကဲ့ သို့ ဒုံးကျည်ပစ်လွှတ်နေမှုများသည် ဂျပန်ဒေသတွင်းနှင့်နိုင်ငံတကာအသိုက်အဝန်း၏ ဘေးကင်းရေးနှင့်ငြိမ်းချမ်းရေးအား ခြိမ်းခြောက်နေသည်ဟုဆိုကာ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သည်။

သို့သော်မြောက်ကိုရီးယားကမူ အမေရိကနှင့်တောင်ကိုရီးယားတို့၏စစ်ရေးလေ့ကျင့်မှုအား တင်းတင်းမာမာတုံ့ပြန်ဆောင်ရွက်ခဲ့ပြီး ၎င်းတို့၏စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားကိုကျူးကျော်ရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်းသာတွင်တွင်ပြောကြားခဲ့သည်။

အမေရိကနှင့်တောင်ကိုရီးယားတို့ကမူ ၎င်းတို့၏ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ခံစစ်အတွက်ကာကွယ်ပြင်ဆင်ခြင်းသာဖြစ်ပြီး ကျူးကျော်လိုမှုမရှိကြောင်းပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here