လက်ထပ်ခွင့်တောင်းခံလိုက်ရပြီဖြစ်တဲ့ သွန်းဆက်

0
369

သွန်းဆက်ဟာ ၂၉ ရက်နေ့မှာကျရောက်မဲ့သူမရဲ့မွေးနေ့လေးအတွက် Seed မှာ အလှဓာတ်ပုံရိုက်ဖို့ပြင်ဆင်​ေနချိန်မှာ ချစ်သူထံမှ လက်ထပ်ခွင့်တောင်းခံလိုက်ရတာဖြစ်ပါတယ်။

အခုလိုလက်ထပ်ခွင့်တောင်းခံလိုက်ရတာနဲ့ပတ်သတ်ပြီး သွန်းဆက်က

” သွန်းဆက်မွေးနေ့က ၂၉ ရက်နေ့လေ … အဲ့တော့ ၂၆ ရက်နေ့က မွေးနေ့ မှာ တင်ဖို့ အလှဓာတ်ပုံသွားရိုက်မယ်ပေါ့ဝတ်စုံလေးကတော့ ချစ်သော မာမီပုံ့ စီစဉ်ပေးထားတ မိတ်ကပ်ကတော့ Kwan Kwan ပေါ့အကုန်စီစဉ်ထားတာdecoration စီစဉ်သူက မမဂျာပေါ့ ကြာကန်လေးနားမှာ အလှဆင်ပီးရိုက်ကြမယ်တဲ့လေ အဲ့တော့ မိတ်ကပ်ဆရာနဲ့ကိုယ်က ဆံပင်လေးကိုရေစိုဒီဇိုင်းလေးလုပ်ပီး ရိုက်ကြမယ်ပေါ့ ကြာပန်းတွေနဲ့ကြာကန်နားဆိုပီးလေ
မာမီပုံ့ကလဲ ရေစိုဒီဇိုင်းလေးနဲ့ ရေထဲက တက်လာတဲ့ကောင်မလေးပုံလေးဆိုပီး ရိုက်ကြမယ်ပေါ့… ပြင်ဆင်ပီးရိုက်မယ့်နေရာက seed မှာလေ … သွားကြတာပေါ့ …seed ရောက်တော့
ဘယ်လိုတွေတောင် တစ်ဖွဲ့လုံးစပရိုက်တိုက်ကြတာလဲမန္တလေးကနေ တောင်တကူးတကချစ်လေးတွေလဲရောက်လာပေးတာနော် ရန်ကုန်ကချစ်လေးတွေကလဲ အကုန်ကြိုတင်စီစဉ်ပေးထားကြတာကိုယ်က မွေးနေ့အတွက်ဓာတ်ပုံရိုက်ဆိုတော့ မသိဖူးလေ… နေပူသေးတယ် မလာသေးဖူးဆိုပီး အေးဆေးမှလာတာပေါ့… အဖွဲ့တွေအားလုံးကစောင့်နေကြတာ နေပူထဲမှာ အရမ်းလဲအားနာတယ် စိတ်လဲမကောင်းဖူး… အဲ့လို စပရိုက်လုပ်မယ်မှန်းသိ စောစောလာတာပေါ့ ၂၆ ရက်နေ့က ဘဝရဲ့အမှတ်တရနေ့လေးတနေ့ပါ … ကိုကိုရဲ့ မွေးနေ့လဲ ဖြစ်သလို Proposal လုပ်တဲ့နေ့လေးလဲဖြစ်သွားတော့ ဘဝရဲ့အမှတ်တရနေ့လေးတနေ့ပါ

KoKo said marry me ?
I said “ Yes “
အဲ့လိုမပြောမိပဲ “ အရမ်းပေါ့ “ ဆိုပီး
မထော်ပြောမိသွားတယ်ရှင် ” လို့သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here