ပြည်တွင်းဆန်ဈေးမြင့်တက်မှုကြောင့် ပြည်ပဆန်တင်ပို့မှုအခက်အခဲရှိဟုဆို

0
214

ပြည်တွင်း၌ ဆန်ဈေးမြင့်တက်မှုကြောင့် ပြည်ပဆန်တင်ပို့မှုအခက်အခဲရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

” ကျွန်တော်တို့က နှစ်ခုစလုံးလုပ်ပါတယ်။ Over sea ထက်စာရင် နယ်စပ်ကပို့တာများတယ်။ အရင်တုန်းကတော့ နယ်စပ်က အခွင့်အရေးရတဲ့သဘောပေါ့။ ၁၀၀ ရာခိုင်နှုန်းရတယ်။ယွမ်နဲ့ဆိုရင် ၁၀၀ ရာခိုင်နှုန်းရတယ်။ ယိုးဒယားနယ်စပ်ရော တရုတ်နယ်စပ်ရောပေါ့နော်။ အခုကတော့ ဆန်ဈေးနှုန်းတက်လာတာက တစ်ပိုင်းပေါ့နော်။ အခုကတော့ အားလုံး ၆၅-၃၅ ဖြစ်သွားတာပေါ့။ ၆၅-၃၅ ဆိုရင်ဘယ်လိုပဲပြောပြော cost ပိုကျသွားတာပေါ့။ အရင်တုန်းက ၁၀၀ ရာခိုင်နှုန်းနဲ့တွက်လိုက်ရင်တော့ ရမယ့်ဆန်ဈေးနဲ့ အခုဟာ ကွာသွားတာပေါ့။ လုပ်ရတော့ခက်သွားတာပေါ့။ Over sea လည်းမကောင်းဘူး။ ပြည်တွင်းဆန်ဈေးတတ်သွားတဲ့အတွက် လုပ်ရကိုင်ရခက်သွားတာပေါ့”ဟု ၎င်းကဆိုသည်။

ပင်လယ်ရေကြောင်းမှတစ်ဆင့် ဥရောပနိုင်ငံများသို့ တင်ပို့မှုများရှိသလို အာရှနိုင်ငံများသို့လည်း တင်ပို့‌ေနပြီး နိုင်ငံပေါင်း ၅၀ သို့တင်ပို့နေကြောင်း သိရသည်။

ပြည်တွင်း၌ ဆန်ဈေးနှင့် စပါးဈေး မြင့်တက်နေမှုကြောင့် Quota စနစ်ဖြင့် တစ်လလျှင် ဆန်တန်ချိန် တစ်သိန်းခွဲခန့်သာ တင်ပို့ရမည်ဖြစ်သဖြင့် ဆန်တင်ပို့ရန် လိုင်စင်အသစ်လျှောက်ထားမှု ရရှိရန်မလွယ်ကူဘဲ လိုင်စင်အဟောင်းများကိုလည်း စစ်ဆေးမှုများဆောင်ရွက်နေကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၁ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၀၉၉ သန်းတင်ပို့နိုင်ခဲ့ပြီး တင်ပို့မှုမှဝင်ငွေ ဒေါ်လာ ၇၈၃ သန်းရရှိခဲ့ကြောင်း ဖော်ပြထားသည့်စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here