ထိုင်းနိုင်ငံမြောက်ပိုင်းခရိုင်များတွင်အဆိပ်အတောက်ဖြစ်စေသောဖုန်မှုန့်များလွှမ်းခြုံ​နေ

0
90

ဘန်ကောက်၊မတ် ၂၇

ထိုင်းနိုင်ငံ၏လေထုညစ်ညမ်းမှုကြောင့် ယခုလက်ရှိထိုင်းနိုင်ငံ၏ မြောက်ပိုင်းပြည်နယ်များဖြစ်သည့် ချင်းမိုင်နှင့်ချင်းရိုင်တို့တွင် ကင်ဆာဖြစ်ပွားစေနိုင်သည့် PM 2.5 အမှုန်လေးများပါဝင်မှုမြင့်တက်လာနေကြောင်း ကျန်းမာရေးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းရှိဒေသအများအပြားတွင် PM 2.5 ပါဝင်နှုန်းသည် ၂၄ နာရီအတွင်း လေထုတစ်ကုဗမီတာလျှင် ၉၁ မိုက်ခရိုဂရမ်ထက်ကျော်လွန်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ကြေငြာခဲ့သည်။

အဆိုပါဖုန်မှုန့်များသည် တနင်္လာနေ့နံနက်တွင်လည်း အရှေ့မြောက်ပိုင်းပြည်နယ်များသို့ပါ ရောက်ရှိလာသည်ဟုသိရသည်။ထိုင်းနိုင်ငံ၌ PM 2.5 ပါဝင်မှုနှုန်းသည် ၂၄ နာရီအတွင်း လေထုတစ်ကုဗမီတာလျှင် ၅၀ မိုက်ခရိုဂရမ်ဖြစ်ပါက ဘေးကင်းသောပမာဏအဖြစ်သတ်မှတ်ထားသဖြင့် သတ်မှတ်နှုန်းထက်အများအပြားကျော်လွန်နေသည်ကိုတွေ့ရသည်။

မယ်ဆိုင်ဒေသနှင့်ချင်းမိုင်ဒေသများတွင် တနင်္ဂနွေနေ့အထိ ၂၄ နာရီအတွင်း လေထုတစ်ကုဗမီတာလျှင် PM 2.5 ပါဝင်နှုန်းသည် ၄၈၀ မိုက်ခရိုဂရမ်အထိမြင့်တက်သွားကာ သတ်မှတ်ထားသည့်ဘေးမှုထက် ကိုးဆခန့်မြင့်တက်သွားသလိုကမ္ဘာ့ကျန်းမာရေးအဖွဲ့၏စံသတ်မှတ်ချက်ထက်လည်း ၃၂ ဆမြင့်တက်သွားသည်ဟုဆိုသည်။

ထိုင်းနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများတွင် လယ်ကွင်းရိုးပြတ်မီးရှို့မှုများကြောင့် နယ်စပ်ဒေသများနှင့် နိုင်ငံ့မြောက်ပိုင်းနှင့်အရှေ့မြောက်ပိုင်းဒေသများ၌ ယခုတစ်ပတ်အတွင်း လေထုညစ်ညမ်းမှုများဆက်ဖြစ်နေလိမ့်ဦးမည်ဟုလည်း တာဝန်ရှိသူများကခန့်မှန်းပြောကြားခဲ့သည်။

Source : ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here