ရုရှားမှခရီးသွားများ မြန်မာကို လာရောက်ရန်စိတ်ဝင်စားနေသဖြင့်ခရီးသွားကုမ္ပဏီများကကြိုတင်လာ​ရောက်​လေ့လာဖို့စီစဥ်​နေ

0
99

ရုရှားနိုင်ငံမှ ခရီးသွားဧည့်သည်များ မြန်မာပြည်ကို လာရောက်ရန်စိတ်ဝင်စားမှုများရှိနေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

“ ဟိုဘက်မှာခရီးသွားကုမ္ပဏီနဲ့ရော ခရီးသွားပြည်သူအနေနဲ့ရော စိတ်ဝင်စားမှုတွေမြင့်တက်နေတယ်။ မြန်မာနိုင်ငံကိုလာဖို့အတွက် သူတို့တွေတော်တော်လေးစိတ်ဝင်စားကြတယ်။ ဘယ်လိုလာရမလဲ၊ ဘယ်လေကြောင်းလိုင်းတွေကဆွဲနေပြီလဲ၊ ဘယ်နေရာတွေသွားလို့ရပြီလဲ အဒီလိုမေးခွန်းတွေအမေးများပါတယ်။ လာဖို့အတွက် အချို့ခရီးသွားကုမ္ပဏီတွေအနေနဲ့ကျတော့လည်း မြန်မာခရီးစဉ်တွေကို ရောင်းချပေးဖို့အတွက် သူတို့စိတ်ဝင်စားပါတယ်။ မြန်မာပြည်ကို ခရီးသည်တွေမရောင်းခင်ပေါ့နော် အရင်ဆုံးကြိုတင်ပြီးတော့ ခရီးသွားကုမ္ပဏီတွေကိုယ်တိုင် လာရောက်ပြီးတော့လေ့လာချင်ပါတယ်။ဒါတွေကို စီစဉ်ပေးဖို့အတွက် တောင်းဆိုတာတွေရှိပါတယ်”ဟု ၎င်းက ပြောသည်။

ရုရှားနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက် လည်ပတ်စေရန်ရည်ရွယ်၍ ၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လမှစတင်ပြီး ရုရှားခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့် တစ်နှစ်ခွင့်ပြုထားပြီး အလားတူ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြား တိုက်ရိုက်လေကြောင်းပျံသန်းရန် စေ့စပ်ဆွေးနွေးနေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသို့ ရှရှားခရီးသွားများဝင်ရောက်လာပါက ပြည်တွင်းသို့ တတိယအများဆုံးလာရောက်လည်ပတ်သည့် နိုင်ငံဖြစ်လာနိုင်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here