ပုတ်ပွသေဆုံးနေသဖြင့်​ ပေါင် ၅၀၀ ခန့်ရှိ​လာသည့် အမျိုးသား၏ရုပ်အလောင်းအား မလွှကုန်းရပ်ကွက် မီးရထားဝင်းလိုင်းခန်းအတွင်း၌တွေ့ရှိ

0
198

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊မလွှကုန်းရပ်ကွက်၊မီးရထားဝင်းလိုင်းခန်းအတွင်း၌ ပုတ်ပွသေဆုံးနေသည့် ပေါင်ချိန် ၅၀၀ ခန့်ရှိ အမျိုးသား၏ရုပ်အလောင်းအား မတ် ၂၇ ရက်ညပိုင်းကတွေ့ရှိခဲ့ရသည်ဟု မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ည ၁၀ နာရီ ၄၀ မိနစ်ခန့်က မလွှကုန်းရပ်ကွက်၊မီးရထားဝင်းအတွင်းရှိ လိုင်းခန်းအတွင်း၌ ပုတ်ပွသေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့ရှိကြောင်း သတင်းအရ မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီ​ရေးအသင်းမှ သယ်ယူရန် သွားရောက်ခဲ့ကြသည်။

“သေဆုံးတာ ၃ ရက်လောက်တော့ရှိပြီ။ အပုတ်နံအရမ်းပြင်းတယ်။ ပတ်ဝန်းကျင်ကအနံရမှသေဆုံးနေတာကိုသိတာ။ သူနေတဲ့အခန်းကလည်း လိုင်းခန်းရဲ့နောက်ဆုံးခန်းမှာ။ရာသီဥတုကပူ​တော့ ပွလာတာပြီး အ​လေးချိန်​တွေတိုးလာ​ပေါ့။ပေါင်ချိန်ကလည်း ၅၀၀ လောက်ရှိနေပြီ။ လမ်းကလည်းကျဥ်းတယ် ။ခွဲကဒ်နဲ့သယ်လို့လည်းမရနိုင်ဘူး။ ဒါ့ကြောင့် မိတ်ဖက်အသင်းနဲ့ပေါင်းပြီး တော်တော်ခက်ခက်ခဲခဲသယ်ထုတ်ရတယ် တံခါးတွေ နံရံတွေဖျက်ပြီးသယ်ရတာ”ဟု မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သေဆုံးသူသည် မီးရထားဝင်းလိုင်းခန်းနေ ဦးမျိုးညွှန့်(၅၉)နှစ်ဖြစ်ကာ ရုပ်အလောင်းအား ရင်ခွဲစစ်ဆေးနိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ ပို့ ဆောင်ပေးခဲ့ကြသည်။

ထို့နောက် PR-057 ထွက်ရှိပြီးချိန်၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ရေခဲတိုက်သို့ဆက်လက်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here