တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းတွင် လက်ပစ်ဗုံးပေါက်ကွဲ ယာဥ်ထိန်းရဲမေ ၁ ဦးဒဏ်ရာရ

0
244

ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊တာမွေကြီး(ခ)ရပ်ကွက်၊အရှေ့မြင်းပြိုင်ကွင်းလမ်းတွင် မတ် ၂၈ ရက်နံနက်ပိုင်းက လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၁၀ နာရီကျော်ခန့်က အမည်မသိအမျိုးသားများသည် တာမွေဂုံးကျော်တံတားပေါ်မှတဆင့် တာမွေမြိုနယ်၊တာမွေကြီး(ခ)ရပ်ကွက်၊အရှေ့မြင်းပြိုင်ကွင်းလမ်းတွင် ယာဉ်ကြောရှင်းလင်းရေးဆောင်ရွက်နေသည့် ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင် ၃ ဦးအား လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ကြောင်း သိရသည်။

လက်ပစ်ဗုံးသည် ယာဥ်ကြောရှင်းလင်းရေးဆောင်ရွက်နေသည့် ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင် ၃ ဦးအနီး၌ ကျရောက်ပေါက်ကွဲခဲ့ရာ ယာဥ်ထိန်းရဲမေတစ်ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

“မနက်က တာမွေဂုံးကျော်တံတားနားမှာ ဗုံးပေါက်တာကဟုတ်ပါတယ် တစ်ယောက်ထိခိုက်မိတယ်ဆိုတာလည်း ဟုတ်ပါတယ် ကျွန်တော်တို့အသင်းကတော့ သွားပြီးသယ်ပေးခဲ့ရတာမရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည့် ယာဥ်ထိန်းရဲမေအား ရွှေဂုံတိုင်အထူးကုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here