မှော်ဘီမြို့အားဗဟိုပြု၍ ယနေ့နေ့လည်က အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်သွား

0
97

ရန်ကုန်တိုင်း၊မှော်ဘီမြို့အားဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မတ် ၂၈ ရက်(ယနေ့)နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့သည်ဟု မြန်မာနိုင်ငံ၊မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ယနေ့နေ့လည် ၁ နာရီ ၂၂ မိနစ် ၂၄ စက္ကန့်က မှော်ဘီမြို့၏ အနောက်မြောက်ဘက်(၁၂)မိုင်ခန့်အကွာ၊မြောက်လတ္တီတွဒ်(၁၇ ဒသမ ၂၁)ဒီဂရီ၊အရှေ့လောင်ဂျီတွဒ်(၉၅ ဒသမ ၈၅)ဒီဂရီ၊အနက် (၁၅)ကီလိုမီတာအားဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး(၃ ဒသမ ၇)အဆင့်ရှိ အင်အားအနည်း ငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

“ငလျင်လှုပ်တယ်ဆိုတာဆိုတာလောက်ပါပဲ။မကြမ်းဘူးလို့ပြောရမှာပေါ့ ။သိပ်ပြီးတော့လည်း မသိသာလိုက်ဘူး ။ကျွန်တော်ကရုံးခန်းထဲမှာထိုင်နေတုန်းလူက နည်းနည်းယိမ်းထိုးသွားလို့သာ ငလျင်လှုပ်သွားတယ်ဆိုတာကိုသိတာ”ဟု မှော်ဘီမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းကလည်း မြန်မာနိုင်ငံအတွင်းရှိ နေရာအချို့တွင် အင်အားအနည်းငယ်ရှိ ငလျင်များလှုပ်ခတ်ခဲ့ရာ ယခုအကြိမ်ပါ အပါ မတ်လအတွင်း ငလျင် ၆ကြိမ်ရှိ​နေပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here