မြန်မာ့ပင်လယ်ပြင် ငါးမဖမ်းရ ရာသီကို ဧပြီလမှ ဇွန်လအထိ သုံးလသတ်မှတ်ထား

0
268

၂၀၂၃ ခုနှစ် မြန်မာ့ပင်လယ်ပြင် ငါးမဖမ်းရရာသီကို ဧပြီလမှ ဇွန်လအထိ သုံးလ သတ်မှတ်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ယခုနှစ် ငါးမဖမ်းရ ရာသီကိုသုံးလ သတ်မှတ်ထားသဖြင့် ကမ်းဝေးငါးဖမ်းလှေများ ငါးဖမ်းဆီးမှု ရပ်နားထားမည်ဖြစ်ကြောင်း၊ ယင်းကာလအတွင်း ကမ်းနီးမှရသည့် ငါး၊ ပုစွန်ရေထွက်ကုန်များကို ပြည်တွင်း၌ စားသုံးမည်ဖြစ်ပြီး ယင်းမှ ပိုလျှံသည့် ရေထွက်ကုန်များအား ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကာလအတွင်း ပို့ကုန်တင်ပို့မှုမှာ လျော့ကျသွားနိုင်ပြီး ငါးသယ်လှေ ငါးစင်းသာ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ပုံမှန်ငါးဖမ်းရာသီတွင် ငါးသယ်လှေ ၂၆ စင်းတင်ပို့နိုင်ကြောင်း သိရသည်။ 

ယင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်နှင့် မော်လမြိုင်မြို့ရှိ ငါးဖမ်းသမားများအနေဖြင့် ငါးဖမ်းခြင်းမပြုရန် အသိပေးထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးမဖမ်းရရာသီကို ၂၀၂၁ ခုနှစ်တွင် မေလမှ ဇူလိုင်လအထိ၊ ၂၀၂၂ ခုနှစ်တွင် ဧပြီလမှ ဇွန်လအထိ၊ ယခု ၂၀၂၃ ခုနှစ်တွင် ဧပြီလမှ ဇွန်လအထိ သတ်မှတ်ထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here