အမေရိကရှိ မူလတန်းကျောင်းတွင် အမျိုးသမီး သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦးနှင့် ကျောင်းဝန်ထမ်း ၃ ဦး သေဆုံး

0
121

အမေရိကန်နိုင်ငံ နက်ရှ်ဗဲလ်မြို့ရှိ မူလတန်းကျောင်းတွင် မတ်လ ၂၇ ရက် တနင်္လာနေ့က အမျိုးသမီး သေနတ်သမားတစ်ဦး၏ လိုက်လံပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦးနှင့် ကျောင်းဝန်ထမ်း ၃ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

သေနတ်သမားသည်လည်း ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ရဲဌာနမှူး ဂျွန်ဒရိတ်၏ ပြောဆိုချက်အရ သေနတ်သမားသည် အသက် ၂၈ နှစ်အရွယ် အော်ဒရီဟေးလ် ဆိုသူဖြစ်ပြီး ထိုကျောင်း၏ကျောင်းသူဟောင်းလည်း ဖြစ်သည်။နောက်ဆက်တွဲသိရသည်မှာ ဟေးလ် သည် လိင်ပြောင်းထားသူ ဖြစ်သည်။

ပစ်ခတ်မှုအတွင်း ၈ နှစ်အရွယ် ကလေးတစ်ဦး၊ ၉ နှစ်အရွယ် ကလေးနှစ်ဦးနှင့် အသက် ၆၀ ဝန်းကျင် လူကြီး ၃ ဦး အသက်ဆုံးရှုံးခဲ့ရသည်။

အဆိုပါ ပစ်ခတ်မှုသည် အကွက်ကျကျ ကြိုတင်စီစဉ်ထားခြင်းဖြစ်သည်ဟု ရဲအရာရှိ ဒရိတ်က ဆိုသည်။ တရားခံ ဟေးတွင် ပစ်ခတ်မှုအား မည်သို့ လုပ်ဆောင်သွားမည်ကို ရေးထားသော အစီစဥ်နှင့် ကျောင်း၏ အဝင်-အထွက် အပေါက်များကို အသေးစိတ် ဖော်ပြထားသော မြေပုံတစ်ခု တွေ့ရှိခဲ့ရကြောင်း ဒရိတ်က ပြောသည်။

ထို့ပြင် ဟေးသည် ရဲတပ်ဖွဲ့နှင့် ရင်ဆိုင်ရန်အတွက်ပင် ပြင်ဆင်ထားခဲ့ကြောင်း သိရသည်။ ဟေးသည် ထိုကျောင်းသို့ ရိုင်ဖယ်လ်နှစ်လက်နှင့် ပစ္စတို သေနတ်တစ်လက်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here