EPS စနစ်ဖြင့် တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၁၃၀ ကျော်စေလွှတ်

0
98

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၃၀ ကျော်စေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် (၅၃) ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် (၄၂) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၃၈) ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေးလုပ်သား (၄) ဦး၊ စုစုပေါင်း (၁၃၈) ဦးကိုယနေ့ (မတ်လ ၂၈)ရက်တွင် စေလွှတ်ခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားသို့ မြန်မာလုပ်သားစေလွှတ်မှုမှာ သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦး၊ ဇန်နဝါရီလတွင် ၁၉၃ ဦး၊ဖေဖော်ဝါရီလတွင် ၂၀၀ ဦးစေလွှတ်ခဲ့ပြီးဖြစ်သည်။

ယင်းအပြင် ပြည်ပနိုင်ငံများသို့ OWIC ကတ်ဖြင့် ၂ နှစ်တာကာလအတွင်း အလုပ်သမား ၂၁၀၀၀၀ ကျော်စေလွှတ်နိုင်ခဲ့ပြီး ယင်းတွင် ကိုရီးယားနိုင်ငံသို့ ၈၀၀၀ ကျော်စေလွှတ်ထားကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here