အပူချိန်မြင့်မားမှုကြောင့် ရုတ်တရက်သေဆုံးသူများလာ

0
102

ယခုရက်ပိုင်းအတွင်း အပူချိန်မြင့်မားမှုကြောင့် ရုတ်တရက်သေဆုံးသူတွေများလာကြောင်း လင်းလက်လူမှုကူညီရေးအသင်းမှ သိရသည်။

“ အပူချိန်မြင့်လာတဲ့အတွက် ရုတ်တရက် အသက်ရှူမွန်းကြပ်တာတွေ။ ရောဂါရှိတဲ့သူတွေဆိုရင်  မောလာတာတွေဖြစ်တာပေါ့။ ခရီးသွားရင်းနဲ့လည်း ဖြစ်တတ်တယ်။ ၁၀ ဦးမှ ၅ ဦးက အပူချိန်မြင့်တက်မှုကြောင့်ဖြစ်တာ။ ဦးနှောက်သွေးကြောပြတ်တာရှိတယ်၊ လေဖြတ်သွားတာတို့ ဘာတို့ ဖြစ်တာရှိတယ်။ အဲဒါကြောင့် ဂရုစိုက်ဖို့မှာချင်တယ်”ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကြောင့် နေ့လည် ၁၁ နာရီမှ  ၂ နာရီအတွင်း အပြင်ထွက်မည့်သူများအနေဖြင့် အမိုး၊အကာများဖြင့် သွားရန်လိုအပ်ပြီး အဲကွန်းအခန်းထဲမှထွက်ပါက ရေခဲရေမသောက်ရန်၊ အပြင်သို့ ချက်ခြင်းမထွက်ရန်နှင့် အထူးသဖြင့် ကားမောင်းနေရင်း အပူချိန်ကြောင့် ရုတ်တရက်တစ်စုံတစ်ခုဖြစ်သွားနိုင်သည့် အတွက် ဂရုစိုက်ရန်လိုအပ်ကြောင်း အသိပေးထားသည်။

မတ်လ ဒုတိယအပတ်မှစတင်ပြီး ပူပြင်းသည့် ရာသီဥတုနှင့် အပူဒဏ်ကို ရန်ကုန်အပါအဝင် မြန်မာနိုင်ငံရှိ မြို့အများအပြားတွင် သိသိသာသာခံစားလာရကြောင်း၊ ရန်ကုန်မြို့ရှိ အပူချိန်သည်လည်း ယခုရက်ပိုင်းအတွင်း အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်အထိရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here