ဆော်ဒီအာရေဗျတွင် ဘုရားဖူးများကို တင်ဆောင်လာသော ကားတစ်စီး ယာဉ်မတော်တဆဖြစ်ပွား၊ လူအယောက် ၂၀ သေဆုံး

0
57

ဆော်ဒီအာရေဗျနိုင်ငံတွင် မတ်လ ၂၈ ရက် တနင်္လာနေ့၌ ဘုရားဖူးများကို တင်ဆောင်လာသော ဘတ်စ်ကားတစ်စီး ယာဉ်မတော်တဆဖြစ်၍ မီးလောင်သွားခဲ့ရာ လူ ၂၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဘတ်စ်ကားသည် ဝတ်ပြုသူများကို အစ္စလာမ်ဘာသာတွင် အမြင့်မြတ်ဆုံးမြို့များဖြစ်သည့် မက္ကာနှင် မဒီနာမြို့များသို့ ပို့ဆောင်နေစဉ် ကားဘရိတ်စနစ် ချို့ယွင်းသွားခဲ့ရာမှ တံတားဘောင်နှင့် ဝင်တိုက်မိပြီး တိမ်းမှောက်သွားခဲ့ရသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

ယခုကာလသည် အစ္စလာမ်ဘာသာဝင်များ ဥပုသ်စောင့်ကြသည့် ရာမဒန်လမြတ် ဖြစ်သောကြောင့် ဆော်ဒီ၌ ဘုရားဖူးများနှင့် စည်းကားနေချိန်တွင် ယခုကဲ့သို့ ယာဉ်မတော်တဆ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုယာဉ်မတော်တဆမှုမှာ ယီမင်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အာစီရာ ပြည်နယ်တွင် ဖြစ်ပွားခဲ့ပြီး လူအယောက် ၂၀ သေဆုံးကာ လူ ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်း အဲလ်လိ့ဘရီရာ က ဖော်ပြခဲ့သည်။

Source: ဝိုင်ယွန်


LEAVE A REPLY

Please enter your comment!
Please enter your name here