YBS (33) နံပါတ်အား YBS (129) နံပါတ်ဖြင့် ပြောင်းလဲပြေးဆွဲ

0
1494

ယခင်ပြေးဆွဲနေသည့် YBS (33) ယာဉ်လိုင်းနံပါတ်အစား YBS (129) နံပါတ်ဖြင့် မတ်လ (၂၇) ရက်တွင် ပြောင်းလဲပြေးဆွဲခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်လိုင်းသည် Golden Southern Tarnsport Public Co.,ltd လက်အောက်တွင် ပြေးဆွဲမည့် ယာဉ်လိုင်းသစ်ဖြစ်ကြောင်း သိရသည်။

YBS 129 ခရီးစဉ်လမ်းကြောင်းမှာ ကျောက်တန်း – သန်လျင်နည်းပညာတက္ကသိုလ်(TTU) – ကျိုက် ခေါက်ဘုရား – သန်လျင်တံတား – သာကေတအဝိုင်း – ဧရာဝဏ်လမ်း – ကျောက်တိုင် – ဒေါပုံသင်္ဘောကျင်း – မင်္ဂလာဈေး – ယုဇနပလာဇာ – သျှင်ပါကူ – တာမွေအဝိုင်း – ဈေး ကွေ့ – ရန်ကင်းစင်တာ ဖြစ်ကြောင်းသိရသည်။

ရန်ကုန်မြို့တွင်း၌ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲထားသည့် ကုမ္ပဏီပေါင်း ၁၈ ခုရှိပြီး ယာဉ်လိုင်းပေါင်း ၁၁၇ လိုင်းယာဉ်အစီးရေ ၃၅၀၀ ဝန်းကျင်ဖြင့် ခရီးသည် ၁၆ သိန်းကျော်ကို ဝန်ဆောင်မှုပေးနေကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here