ရုရှားနှင့်တရုတ်တို့သည် စစ်ရေးမဟာမိတ်ဖွဲ့နေခြင်းမဟုတ်ဟု သမ္မတပူတင်ပြောကြား

0
130

မော်စကို၊မတ် ၂၈

ရုရှားသမ္မတဗလာဒီမာပူတင်က တရုတ်နှင့်ရုရှားတို့အကြား ပူးပေါင်းဆောင်ရွက်မှုများသည် အနောက်အုပ်စုအား ခြိမ်းခြောက်နေခြင်းမျိုးမဟုတ်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ကစစ်ရေးမဟာမိတ်ဖွဲ့တာမဟုတ်ပါဘူး။စစ်ရေးနည်းပညာပိုင်းမှာပူးပေါင်းဆောင်ရွက်တာပါ၊ဒါကိုမငြင်းပါဘူး ။ပွင့်လင်းမြင်သာစွာပဲလုပ်နေတာပါ၊လျှို့ဝှက်ထားစရာလည်းမရှိပါဘူး” ဟု သမ္မတပူတင်က Rossiya 24နှင့်အင်တာဗျူးတစ်ခုတွင်ပြောကြားခဲ့သည်။

ယင်းနောက် သမ္မတပူတင်က အနာဂတ်၌ ရုရှားသည်တရုတ်၏ လွှမ်းမိုးမှုကိုခံရနိုင်သည်ဟူသော စကားအားလက်မခံဘဲငြင်းဆိုခဲ့သည်။

ဒါ​တွေက မနာလိုတဲ့သူ​တွေ​ပြောကြတာပါ။တကယ်တမ်းကျ​တော့ ဥရောပ၏ စီးပွားရေးကသာလျှင် တရုတ်နိုင်ငံအပေါ်ပိုမိုမှီခိုနေခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။

Source : အေအေ/အေအက်ဖ်ပီ


LEAVE A REPLY

Please enter your comment!
Please enter your name here