မြစ်ကြီးနား၌ သင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ပါဝင်မည်

0
118

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင် မြန်မာရိုးရာသင်္ကြန်ပွဲတော်အား လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း မတ် ၂၈ ရက်နံ နက် ၁၀ နာရီကကျင်းပသည့် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား မြို့တော်အင်္ဂါရပ်နှင့်အညီ လမ်းလျှောက်သင်္ကြန်နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့၏ ဗဟိုမဏ္ဍပ်အပါ အဝင် ရေကစားမဏ္ဍပ်/ဖျော်ဖြေရေးမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား ယခင်နှစ်များနှင့်မတူ ပိုမိုစည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး သင်္ကြန်ပွဲတော်သည် မိမိတို့အစိုးရအဖွဲ့တစ်ခုတည်းသာမဟုတ်ဘဲ အားလုံးနှင့်သက်ဆိုင်သည့် ယဉ်ကျေးမှုပွဲတော်ဖြစ်သည်ဟု ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်ကပြောကြားခဲ့သည်။

အစည်းအဝေး တက်ရောက်လာကြသူများက မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး၊အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ၊ဇီဝိတဒါနငါးလွှတ်ပွဲ၊သက်ကြီးပူဇော်ပွဲအခမ်းအနားများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော် မတီ၊လုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင်များနှင့်ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက သင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်အပါအဝင် ဖျော်ဖြေရေးမဏ္ဍပ်/ရေကစားမဏ္ဍပ်(၇)ခုထပ်တိုးတည် ဆောက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here