ယခုဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုအများဆုံးပြုလုပ်ထား

0
131

၂၀၂၂-၂၀၂၃ ခုနှစ်၏ဘဏ္ဍာနှစ်အတွင်း ပင်လယ်ရေကြောင်းမှ အများဆုံးကုန်သွယ်မှုပြုလုပ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ ဇန်နဝါရီလအထိ ကိုးလတာကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၈ ဒသမ ၉၄ ဘီလီယံ ပို့ကုန်ဝင်ငွေရရှိထားပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ၅ ဒသမ ၀၃ ဘီလီယံရရှိထားကြောင်း သိရသည်။

ယင်းအပြင် သွင်းကုန်တင်သွင်းမှုမှလည်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁၂ ဒသမ ၅၉ ဘီလီယံရရှိထားပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ကန်ဒေါ်လာ ၁ ဒသမ ၈၉ ဘီလီယံရရှိထားခြင်းဖြစ်သည်။

ပင်လယ်ရေကြောင်းမှ ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တရုတ်၊ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

ရေကြောင်းဖြင့်တင်ပို့ခြင်းတွင် ပို့လိုသည့်မည်သည့်နိုင်ငံကိုမဆိုပို့နိုင်ခြင်း၊ စရိတ်သက်သာပြီး ကုန်များများတင်ပို့နိုင်ခြင်း စသည့်အားသာချက်များ​ကြောင့် ​ကုန်သည်များက ရေ​ကြောင်းကုန်သွယ်​မှုကိုပိုမိုလုပ်​ဆောင်ကြခြင်းဖြစ်သည်။

Photo Credit – Myanmar Logistics Guide


LEAVE A REPLY

Please enter your comment!
Please enter your name here