တိုကျို၊မတ် ၂၈
ဂျပန်နိုင်ငံရှိ ကိုဗစ်ကူးစက်ခံရပြီးနောက်ဆက်တွဲအနေဖြင့် ပြင်းထန်ဦးနှောက်ရောဂါခံစားနေရသည့် ကလေးငယ်များ၏ ၁၀ ရာခိုင်နှုန်းကျော်သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သုတေသနအဖွဲ့မှမကြာသေးခင်ကထုတ်ပြန်ထားသော နိုင်ငံတစ်ဝန်းစစ်တမ်းရလာဒ်များအရသိရသည်။
အဆိုပါစစ်တမ်းအရ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ် မေလအထိ အသက် ၁၈ နှစ်အောက်ကလေးငယ်များတွင် ကိုဗစ်ဆက်စပ်ပြင်းထန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားမှု ၃၄ ခုတွေ့ရှိခဲ့ကြောင်းသိရသည်။အဆိုပါအဖွဲ့သည် ဦးနှောက်ရောဂါဖြစ်စေနိုင်သော နောက်ခံရောဂါမရှိသည့် လူနာကလေးငယ် ၃၁ ဦးကိုလေ့လာမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကလေးငယ် ၃၁ ဦးအနက် ၁၉ ဦးပြန်လည်ကောင်းမွန်လာချိန်၌ လေးဦးသေဆုံးပြီး ရှစ်ဦးမှာနောက်ဆက်တွဲရောဂါများဖြစ်ပွားကြောင်းအတည်ပြုနိုင်ခဲ့သည်။
နောက်ဆက်တွဲရောဂါခံစားရသူ အဆိုပါကလေးငယ်ရှစ်ဦးအနက် ငါးဦးသည် သတိလစ်မေ့မြောခြင်းနှင့် အိပ်ယာထဲလဲနေနိုင်သည့်ရောဂါများဖြင့် ပြင်းထန်သည့်နောက်ဆက်တွဲဆိုးကျိုးများခံစားရကြောင်းလည်းသိရသည်။
အဆိုပါရောဂါခံစားနေရသည့်ကလေးငယ်များ၏ မူလကနဦးလက္ခဏာများမှာ တက်ခြင်း၊သတိလစ်ခြင်းနှင့်ပုံမှန်မဟုတ်သော အပြောအဆိုအပြုအမူများ ပြုလုပ်ခြင်းများဖြစ်လေ့ရှိသည်ဟုလည်းသိရသည်။
ကလေးများကြားဖြစ်ပွားလေ့ရှိသည့် ပြင်းထန်ဦးနှောက်ရောဂါသည် တုပ်ကွေးရောဂါကူးစက်ခံရသူများကိုပါ ကူးစက်နိုင်သည်ဟုလည်းဆိုထားသည်။
Source : အေအင်န်အိုင်