NLD ပါတီ အပါအဝင် ပါတီ (၄၀) ကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်း

0
144

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပါအဝင် ပါတီ(၄၀) ကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြောညာလိုက်သည်။

မတ်လ (၂၈) တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ တည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းနှင့် ပါတီဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍ ကြေညာချက်တစ်စောင် ထုတ်ပြန် ကြေညာလာခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (၂၀၂၃) အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်လိုသည့် ပါတီများအနေဖြင့် ရက်ပေါင်း (၆၀) အတွင်း မှတ်ပုံတင် ပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း ပြဌာန်းထားခြင်း ဖြစ်သည်။

ယင်းသို့ ပြဌာန်းထားသော်လည်း NLD အပါအဝင် ပါတီ (၄၀) မှာ ရက်ပေါင်း (၆၀) အတွင်း ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားလာခြင်း မရှိသည့်အတွက် ယင်းပါတီများမှာ နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက်ပျက်ပြယ်ပြီးဖြစ်ကြောင်း UEC က ဆိုသည်။

ယင်းကဲ့သို့ နိုင်ငံရေး ပါတီအဖြစ်မှ ပျက်ပြယ်ပြီး ဖြစ်သည့် NLD အပါအဝင် ပါတီ (၄၀) ကို မတ်လ (၂၉) ရက်မှ စတင်ကာ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့မတ်လ (၂၈) ရက် ညနေပိုင်းတွင် ထုတ်ပြန်လာခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (၂၀၂၃) အရ မတ်လ (၂၈) ရက်အထိ မှတ်ပုံတင် ပြန်လည်လျှောက်ထားလာသည့် ပါတီ (၆၃) ပါတီအထိရှိပြီး ပြည်ထောင်စုအဆင့်ပါတီ (၁၂) ပါတီ ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုအတွင်း စည်းရုံးမည့်ပါတီ (၅၀) အထိရှိကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ (၆၃) ပါတီ၏ စာရင်းနှင့် ဖျက်သိမ်းခံရမည့် NLD အပါအဝင် ပါတီ (၄၀) ၏ စာရင်းကို အများပြည်သူ သိရှိနိုင်ရန် မတ် (၂၈) ရက်ညနေပိုင်းတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်လာသည့် နိုင်ငံရေးပါတီများ တည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းနှင့် ပါတီဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် ကြေညာချက် အပြည့်အစုံအား ပြန်လည်ဖော်ပြပေးလိုက်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here