အချိုရည်ဖာများတင်လာသည့်ကုန်တင်တွဲကား မိုင်းဆွဲတိုက်ခိုက်ခံရမှု တကောင်းမြို့တွင်ဖြစ်ပွား

0
219

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တကောင်းမြို့အနီးတွင် မတ် ၂၈ ရက်နေ့လည်၁ နာရီခွဲက လက်နက်ကိုင်အဖွဲ့ဝင်များသည် မန္တလေးဘက်မှမြစ်ကြီးနားဘက်သို့ အချိုရည်ဖာများတင်လာသည့်ကုန်တင်တွဲကားအား သပိတ်ကျင်းမြို့နယ်၊တကောင်းမြို့၊ဖုန်ကုန်းကျေးရွာအုပ်စု၊(၄)မိုင်ကျေးရွာရှိ မန္တလေး-ဗန်းမော်သွားကားလမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ကုန်တင်တွဲကားမောင်းသူ စဥ့်ကိုင်မြို့နယ်၊ဘဏ္ဍာကျေးရွာနေ အေးချမ်းထွန်း(၂၇)နှစ်၏ ဦးခေါင်းညာဘက်ခြမ်း မိုင်းစရှပ်မှန် ၂ ချက်၊ညာမျက်ခုံးမှန်ကွဲစမှန် ၁ ချက်(မစိုးရိမ်ရ)များရရှိခဲ့ကြောင်း သိရသည်။

“ကားစပယ်ယာကောင်လေးကတော့ ဘာမှဖြစ်မသွားဘူး ကနဦးစစ်ဆေးချက်အရ ဆွဲမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခံရတာပါ လိုအပ်တဲ့စုံစမ်းစစ် ဆေးတာတွေလုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကုန်တင်တွဲကားမောင်းသူအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here