ပြည်ပသို့တရားမဝင်ရွှေ့ပြောင်းသွားလာမှု များပြားနေ၍ နယ်စပ်ဒေသများတွင် တားဆီးပညာပေးပြီး နေရပ်ပြန်လွှတ်နေရ

0
46

ပြည်ပသို့တရားမဝင်သွားရောက်ခြင်းကြောင့် လူကုန်ကူးခံရမှုဖြစ်စဥ်များကြုံတွေ့နေရခြင်းနှင့်ပတ်သက်၍ မတ် ၂၈ ရက်နေ့လည် ၁ နာရီကကျင်းပသည့် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ(၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ(၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများအနေဖြင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများနှင့်အခြားပြည်ပနိုင်ငံများကို ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှုများ များပြားနေ၍ နယ်စပ်ဒေသများတွင် တားဆီးပညာပေးပြီး နေရပ်ပြန်လွှတ်နေရသည့် ဖြစ်စဉ်များရှိနေသည်ဟု ဆိုသည်။

ရွှေ့ပြောင်းသွားရောက်သူများသည် မြန်မာနိုင်ငံအတွင်းပိုင်းဒေသအသီးသီးမှ လာရောက်သူများဖြစ်၍ သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်ချင်းဆက်စပ်နေသော စစ်ဆေးရေးဂိတ်များ၌ ကြပ်ကြပ် မတ်မတ်စစ်ဆေးဆောင်ရွက်နိုင်မှသာ တရားမဝင်သွားရောက်ခြင်း၊လူမှောင်ခိုကူးခြင်းနှင့်လူကုန်ကူးခြင်းတို့ကို နယ်စပ်မရောက်မီ မိမိနိုင်ငံအတွင်း၌ပင် အချိန်မီတားဆီးနိုင်မည်ဟု ဆိုသည်။

နိုင်ငံခြားသားများသည် ကွန်ပျူတာ၊နည်းပညာနှင့်ဆက်စပ်သည့် အလုပ်လုပ်ကိုင်ရန်အွန်လိုင်းမှတစ်ဆင့် လစာကောင်းသည့်အလုပ်ရမည်ဟုပြောဆိုစည်းရုံး၍ လိမ်လည်ခေါ်ဆောင်မှုများကြောင့် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံနယ်စပ်မြို့များသို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊တရားဝင် ဝင်/ထွက်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ လာရောက်ကြသူများမဟုတ်ဟု ဆိုသည်။

ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ရာတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်သတင်းပေးကူညီမှုများသည်အရေးပါ၍ ပြည်သူများအနေဖြင့် အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်လာစေရန် ထိတွေ့ဆက်ဆံနေရသည့် ဌာနဆိုင်ရာများအနေဖြင့် အသိပညာပေးမှုများ၊စည်းရုံးဆွေးနွေးမှုများကို တိုးမြှင့်ဆောင်ရွက်ပေးရမည်ဟု ဆိုသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအား ရလဒ်တစ်ခုထွက်ပေါ်လာသည်အထိ ဆောင်ရွက်ပေးစေလိုကာ လုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတွင်းရာနှုန်းပြည့် ပြီးမြောက် အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ရမည်ဟုလည်း ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here