တာချီလိတ်-ကျိုင်းတုံသွားကားလမ်းတွင် သဲတင် ၆ ဘီးကားနှင့် ၁၂ ဘီးကားတိုက် ၁ ဦးဒဏ်ရာရ

0
273

ရှမ်းပြည်နယ်၊တာချီလိတ်မြို့ရှိ တာချီလိတ်- ကျိုင်းတုံသွားကားလမ်းတွင် မတ် ၂၈ ရက်နေ့လည်က တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့နေ့လည် ၁ နာရီခွဲခန့်က သဲတင် ၆ ဘီးကားနှင့် ၁၂ ဘီးကားတို့ တာချီလိတ်မြို့ရှိ တာချီလိတ်-ကျိုင်းတုံသွားကားလမ်းပေါ်တွင် တိုက်မိခဲ့ရာ အမျိုးသား ၁ ဦးညပ်နေသဖြင့် ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ကားအတွင်းညပ်နေသည့် အမျိုးသားအားကူညီကယ်ထုတ်ခဲ့ပြီးနောက် ဘယ်ဘက်ပေါင်ကျိုး၊ခြေ ထောက်ထိခိုက်ဒဏ်ရာများရရှိထားသဖြင့် တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“သက်ဆိုင်ရာယာဥ်ထိန်းတပ်ဖွဲ့ဝင်တွေလည်း အခင်းဖြစ်တဲ့နေရာကိုရောက်လာပါတယ် ဒဏ်ရာရတဲ့လူက မစိုးရိမ်ရတဲ့အခြေအနေရှိပါတယ် ၁၂ ဘီးကားက ဆောက်လုပ်ရေးပစ္စည်းတွေတင်လာတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here