အမေရိကတွင် ၂၀၂၃ ခုနှစ် ၏ ပထမသုံးလအတွင်း သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၉၈၀၀ အထိရှိလာ

0
212

အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် နိုင်ငံသားဦးရေထက် သေနတ်အရေအတွက် ပိုမိုများပြားနေသော တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ ထိုသို့ များပြားနေသည်နှင့်အမျှ နေ့စဉ်နေ့တိုင်း သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်။

၂၀၂၃ ခုနှစ်၏ ပထမသုံးလအတွင်းပင်လျှင် သေနတ်ပစ်ခတ်မှုများကြောင့် သေဆုံးသူဦးရေမှာ ၉,၈၇၀ အထိ ရှိလာခဲ့ပြီ ဖြစ်သည်။ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် လူ ၁၁၄ ဦး သေနတ်ကြောင့် သေဆုံးနေရပေသည်။

သေနတ်အကြမ်းဖက်မှုမှတ်တမ်း က စုစည်းထားသော အချက်အလက်များအရ အဆိုပါ အရေအတွက်မှာ သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားသူများချည်းသာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်၍ အဆုံးစီရင်သူများလည်း ပါဝင်ကြောင်း သိရသည်။

သေဆုံးသူ ၉,၈၇၀ ဦး တွင် ၅၈ ရာခိုင်နှုန်းသည် သေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ်သတ်သေသူများ ဖြစ်ကြောင်း အချက်အလက်များက ညွှန်ပြနေသည်။ တစ်နေ့လျှင် ပျမ်းမျှ လူ ၆၇ ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်နေခြင်း ဖြစ်သည်။

အမေရိကရှိ သေနတ်အကြမ်းဖက်မှုများတွင် လူကြီးများသာမက ကလေးငယ်များလည်း ဓားစာခံ ဖြစ်လာနေသည်။ ယခုနှစ်အတွင်း ကျောင်းတွင်း သေနတ်ဖြင့် လိုက်လံပစ်ခတ်မှု ၁၃ ခု အထိရှိလာခဲ့ပြီး ဆယ်ကျော်သက် အရွယ် ၃၃၈ ယောက်နှင့် ကလေးငယ် အယောက် ၆၀ အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က သေနတ်ထိန်းချုပ်ရေး ဥပဒေမူကြမ်းကို သမ္မတ ဘိုင်ဒင်က လက်မှတ်ရေးထိုးပေးခဲ့သော်လည်း သိသာထင်ရှားစွာ အကျိုးသက်ရောက်မှု မရှိကြောင်း တွေ့ရသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here