လူထုမိတ်ဆွေ နှင့် OMNI FOCUS ယာဉ်လိုင်း သင်္ကြန်ကာလ ပြေးဆွဲမှု ခေတ္တရပ်နားမည်

0
312

မဟာသင်္ကြန်ပွဲတော်ကာလဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ အထိ LUDU PARTENER Public Co.,ltd(လူထုမိတ်ဆွေ) နှင့် OMNI FOCUS ယာဉ်လိုင်းများဖြစ်သော YBS 20/ 56/ 82/ 83/ 98/ 99/ 101/ AIRPIRT-SULE Shuttle/ 32/ 78/ 93/ 94/ 97/ 118 ယာဉ်လိုင်းများ ပြေးဆွဲမှုရပ်နားထားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

ယင်းအပြင် မဟာသင်္ကြန်ပွဲတေယ်ကာလအတွင်း ယာဉ်လိုင်းပေါင်း ၆၃ လိုင်း၊ ယာဉ်အစီးရေ ၁၂၈၈ စီးဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး အဆိုပါကာလအတွင်း ယာဉ်စီးခကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံခြင်းမပြုရန် ယာဉ်လိုင်းအားလုံးကို ညွှန်ကြားထားပြီးကာ ပိုမိုတောင်းခံပါက CNG ပိတ်သိမ်းခြင်းနှင့်ယာဉ်လိုင်းမှ ရာသက်ပန် ထုတ်ပယ်သွားသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောကြားထားသည်။

YBS ယာဉ်လိုင်းများအနေဖြင့် သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက ခရီးသည်များအနေဖြင့် ဖုန်းနံပါတ် ၀၉၄၄၈၁၄၇၁၄၉၊ ၀၉၄၄၈၁၄၇၁၅၃၊ ၀၉၄၄၈၁၄၇၁၅၄ သို့ဆက်သွယ်တိုင်တိုင်ကြားနိုင်သလို ၀၉၄၄၀၀၀၁၁၈၈ Viber ကိုလည်း တိုင်ကြားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here