နည်းဗျူဟာမြောက် နျူကလီးယား ထိပ်ဖူးသစ်ကို ကင်ဂျုံအန်ထုတ်ဖော်ပြသ

0
195

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ၎င်း၏နျူကလီးယားလက်နက်တိုက်ကို တိုးချဲ့ရန်အတွက် လက်နက်အဆင့်သုံးပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်မည်ဟု ကတိပြုလိုက်ပြီး၊ တနင်္လာနေ့တွင် မြောက်ကိုရီးယားမှ ထုတ်လုပ်ထားသော နျူကလီးယားထိပ်ဖူးအသစ် အသေးစားကို ထုတ်ဖော်ပြသခဲ့သည်။

ကင်သည် တနင်္လာနေ့က မြောက်ကိုရီးယားနိုင်ငံ နျူလက်နက်အင်စတီကျုသို့ သွားရောက်လည်ပတ်စဉ် Hwasan-31 ဟုခေါ်သော နည်းဗျူဟာမြောက် ထိပ်ဖူးများကို စစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

တနင်္လာနေ့ ခရီးစဉ်အတွင်း ကင်ဂျုံအန်သည် နျူလက်နက်များ တိုးချဲ့ခြင်းဆိုင်ရာ ရည်မှန်းချက်များ ပြည့်မီရန် နျူလောင်စာ ထုတ်လုပ်မှုကို “အမြော်အမြင်ရှိသော နည်းလမ်းဖြင့် ချဲ့ထွင်”ရန် သိပ္ပံပညာရှင်များအား တိုက်တွန်းခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အင်စတီကျုနှင့် နိုင်ငံ၏နျူကလီးယားကဏ္ဍအတွက် သတ်မှတ်ထားသည့် “အရေးကြီးသောတာဝန်များ”ကိုလည်း ထုတ်ပြန်ခဲ့သည်။

ကင်ဂျုံအန်က နိုင်ငံ၏ နျူကလီးယားလက်နက်ဖြင့် တန်ပြန်တိုက်ခိုက်နိုင်စွမ်းကို “ဘယ်တော့မှ ကျေနပ်မနေသင့်ဘူး”ဟုလည်း ပြောကာ “စိတ်ကူးယဉ်ထက် သာလွန်ကောင်းမွန်တဲ့ နျူကလီးယားအင်အား အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ မြောက်ကိုရီးယားကို ဘယ်သူမှ လာပြီးရန်စရဲမှာ မဟုတ်ဘူး”ဟုလည်း ပြောကြောင်း အဆိုပါသတင်းတွင် ဖေါ်ပြထားသည်။

Ref: North Korea’s Kim Jong Un unveils new tactical nuclear warhead


LEAVE A REPLY

Please enter your comment!
Please enter your name here