အီလွန်မတ်စ်နှင့် ကျွမ်းကျင်သူများက ChatGPT  ၏ အေအိုင်စနစ်အား ပိုမိုတိုးတက်အောင် မပြုလုပ်သေးရန် တိုက်တွန်းလာ

0
186

အီလွန်မတ်စ် အပါအဝင် ဉာဏ်ရည်တု ကျွမ်းကျင်သူများနှင့် စက်မှုလုပ်ငန်း အမှုဆောင်အဖွဲ့တစ်ဖွဲ့သည် OpenAI အား ၎င်းပိုင် ChatGPT မှာ လူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်အပေါ် အန္တရာယ်ပေးနိုင်စွမ်းရှိသဖြင့် ChatGPT ၏ အေအိုင်စနစ်ကို တိုးတက်အောင် လေ့ကျင့်ပေးနေခြင်းအား ၆ လကြာ ရပ်ဆိုင်းပေးရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ChatGPT သည် အေအိုင်အခြေပြု ဆော့ဖ်ဝဲလ် ပရိုဂရမ်တစ်ခုဖြစ်ပြီး မေးသမျှ မေးခွန်းအားလုံးကို အချက်အလက်ကျကျ ပြန်လည်ဖြေကြားပေးနိုင်စွမ်းရှိသည်။ ထွက်ပေါ်လာချိန်မှစ၍ အလွန်ရေပန်းစားခဲ့ပြီး လူသားများ၏ အလုပ်အကိုင်များကိုပင် အစားထိုး လုပ်ကိုင်ပေးနိုင်မည်ဟူ၍ ထင်ကြေးပေးခံရသည်အထိ ဉာဏ်ရည်မြင့်မားသော ပရိုဂရမ်တစ်ခုဖြစ်သည်။

ထို့ကြောင့် ဘဝအနာဂတ်အဖွဲ့အစည်း (FLI) က ထုတ်ဝေသည့် စာတစ်စောင်တွင် ChatGPT နှင့် ထိုကဲ့သို့သော ဆော့ဝဲလ်များအတွက် ဘေးကင်းလုံခြုံရေး စနစ်များကို မည်သည့်အဖွဲ့အစည်းအောက်တွင်မှ အလုပ်လုပ်မနေသော ကျွမ်းကျင်သူများက တီထွင်ပြီးသည်အထိ ChatGPT ၏ အေအိုင်စနစ် ပိုမိုတိုးတက်အောင် မပြုလုပ်သေးရန် တိုက်တွန်းထားသည်။ ထိုစာကို အီလွန်မတ်စ်နှင့် အေအိုင်နည်းပညာ အသိုင်းအဝိုင်းမှ လူတစ်ထောင်ကျော်က လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းစာတွင် ထိုသို့သော အေအိုင်စနစ်များက နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍတွင် နှောင့်ယှက်ဖျက်စီးခြင်းဖြင့် လူအဖွဲ့အစည်းအား အန္တရာယ်ပေးနိုင်ပုံကို အသေးစိတ်ဖော်ပြထားသည်။ ထိုကိစ္စနှင့် ပတ်သက်၍ OpenAI က မှတ်ချက်ပေး တုံ့ပြန်ထားခြင်း မရှိသေးပေ။

Source: စထရိတ်တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here