ခွေးဆယ်ကောင်အားလျစ်လျူရှုထားမှုဖြင့် တိုကျိုမှမွေးမြူသူဟောင်းတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရ

0
174

တိုကျို၊မတ် ၂၉

အသက် ၄၆ နှစ်အရွယ်ရှိ တိုကျိုအနောက်ပိုင်းမှ ယခင်က ခွေးမွေးမြူသူတစ်ဦးသည် ခွေး ၁၀ ကောင်အားလျစ်လျူရှုထားမိသဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်းသိရသည်။

၎င်းစောင့်ရှောက်နေသည့် တိရစ္ဆာန်အရေအတွက်သည် ၁၅၀ ကျော်အထိရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။မစ္စတာ တာကရှိအိုဂါဝါသည် နိုင်ငံတော်ဘဏ္ဍာအဖြစ် သတ်မှတ်ခြင်းခံရသော Shiba အမျိုးအစားခွေးနှင့် Kai Ken ကဲ့သို့သော ခွေးများကိုမွေးမြူရောင်းချခဲ့သူဖြစ်သည်။ 

ထိုခွေးများအနက် ခွေး ၁၀ ကောင်သည် တိရစ္ဆာန်စောင့်ရှောက်ရေးဥပဒေကို ချိုးဖောက်ခြင်းခံရကာ ဒီဇင်ဘာလမှဇန်နဝါရီလအတွင်း လျစ်လျူရှုမှုဒဏ်ကိုခံခဲ့ရသည်ဟု ယုံကြည်ရသဖြင့် ၎င်းအားဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။

မြို့တော်ရဲဌာနကမူ၎င်းမှာ ပြုစုပျိုးထောင်ရန်ခွေးများ များလွန်းနေတာကြောင့် လုံလောက်သည့် စောင့်ရှောက်မှု မပေးနိုင်တော့ခြင်းဖြစ်မည်ဟု ယုံကြည်ကြသည်။

အိုဂါဝါသည် ၂၀၁၀ ပြည့်နှစ်ဖေဖော်ဝါရီလတွင် ခွေးများကိုစတင်မွေးမြူခဲ့ခြင်းဖြစ်ပြီး ဟိုယခင်က၎င်း၌ တိရစ္ဆာန်ကောင်ရေ ၁၇၀ရှိပြီး ယင်းတို့အနက် အနည်းဆုံး ၁၅ ကောင် သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ယခုနှစ်ဇန်နဝါရီ၌ အိုဂါဝါ၏အိမ်ကို ရဲများရှာဖွေခဲ့ရာတွင် ခွေးအကောင်ရေ ၁၀၀ ခန့်ကိုတွေ့ရှိခဲ့ရပြီး အချို့မှာ ရေနှင့်အစာအလုံအလောက်မရကြသဖြင့်  အရိုးအပြိုင်းပြိုင်းဖြစ်နေကာ အချို့သော ခွေးများကိုမူ လှောင်အိမ်ငယ်တစ်ခုတည်းတွင် ကျပ်ကျပ်ညပ်ညပ်ထည့်ထားသည်ကိုလည်းတွေ့ခဲ့ရသည်ဟုဆိုသည်။

“ခွေးပေါက်လေးတွေကို ၀ယ်လိုအားအရမ်းများပေမယ့် ကြီးလာရင်ရောင်းမကောင်းတော့ဘူး။ခွေးတွေက ကျွန်တော်ကိုင်တွယ်စောင့်ရှောက်နိုင်တဲ့ အရေအတွက်ထက် ကျော်လွန်သွားတာပါ” ဟုလည်း အိုဂါဝါကပြောကြားခဲ့သည်။

Source : ကျိုဒို


LEAVE A REPLY

Please enter your comment!
Please enter your name here