အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပဏာ မမြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း တောင်ကြီးမြို့၌လေ့ကျင့်နေ

0
111

အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် ပဏာမမြန်မာ့လက်ရွေးစင်ဖူဆယ်အ သင်းသည် တောင်ကြီးမြို့၌ မတ် ၂၈ ရက်မှစတင် ၍ စခန်းသွင်းလေ့ကျင်လျက်ရှိကြောင်း MFF Futsal မှသိရသည်။

အောက်တိုဘာလတွင်ကျင်းပမည့် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဖူဆယ်လိဂ်ပြိုင်ပွဲများ ပထမအကျော့ပြီးဆုံးချိန်တွင် ပဏာမကစားသမား ၂၃ ဦးဖြင့် တောင်ကြီးမြို့၌ စခန်းသွင်းလေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအား အဖွဲ့ခေါင်းဆောင်အဖြစ် ဒေါက်တာရဲမွန်ထွဋ်နှင့်အုပ် ချုပ်သူအဖြစ် ဦးရဲဝင်းထွန်းတို့ကတာဝန်ယူထားကြောင်း သိရသည်။

ထို့ပြင် နည်းပြချုပ်အဖြစ် Mr.Burnlet, လက် ထောက်နည်းပြများအဖြစ် ဦးဌေးမြင့်နှင့်ဦးကျော်ဇင်ညွန့် (TG United)၊ ဂိုးနည်းပြအဖြစ် ဦးထွန်းထွန်းလတ်(MIU FC)၊ ကြံ့ခိုင်ရေးနည်းပြအဖြစ် Mr.Tawan Wutti ၊ အကြောကျွမ်းကျင်အဖြစ် ဦးသူရတိုး တို့ကတာဝန်ယူထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here