နီပေါနိုင်ငံနှင့် ရန်ကုန်၊ မန္တလေးမြို့များအကြား တိုက်ရိုက်လေကြောင်းလိုင်းပျံသန်းရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းရန်ဆွေးနွေး

0
258

ယမန်နေ့ မတ်လ(၂၈) ရက်တွင် မြန်မာနိုင်ငံအခြေစိုက် နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr.Harishchandra Ghimire သည် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း နှင့် တာဝန်ရှိသူများထံသို့  အသင်းချုပ်ရုံး၌ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် နီပေါ – မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု နှင့်  စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုကဏ္ဍ မြှင့်တင်ရေး၊  ရေထွက်ပစ္စည်းနှင့် ပဲမျိုးစုံ တိုက်ရိုက်တင်ပို့နိုင်ရေး၊ နှစ်နိုင်ငံအကြား ရေရှည်အလားအလာကောင်းမည့်  ခရီးသွားများ အပြန်အလှန် ပို့ဆောင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နီပေါနိုင်ငံ လုမ္ပနီမြို့တွင် နိုင်ငံတကာ လေယာဉ်များ ဆိုက်ရောက် ပျံသန်းနိုင်ရန် လေဆိပ် တည်ဆောက်နေမှုအခြေအနေ၊ ရန်ကုန် – လုမ္ပနီ  ၊ မန္တလေး – လုမ္ပနီ တိုက်ရိုက် လေယာဉ်ပျံသန်းနိုင်မှု အစီအစဉ်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကျော်ဒေဝတို့ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here