ဟိုက်ဒရိုဂျင်လောင်စာသုံး လေယာဉ် တရုတ်တွင် စတင်ပျံသန်း

0
169

တရုတ်နိုင်ငံမှ ပထမဆုံး ထုတ်လုပ်လိုက်သည့် ဟိုက်ဒရိုဂျင်လောင်စာသုံး အင်ဂျင်တစ်လုံးတပ် လေယာဉ်၏ ပထမဆုံး စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာပျံသန်းခဲ့သည်။

အဆိုပါ ဟိုက်ဒရိုဂျင်လောင်စာသုံး လေယာဉ်တွင် အတွင်းပိုင်းလောင်ကျွမ်းပေါက်ကွဲမှုအင်ဂျင်(internal combustion engine) တပ်ဆင်ထားပြီး၊ လူ ၄ ဦးစီးနင်းလိုက်ပါနိုင်သည်။

ယင်း၏ ပထမဆုံး စမ်းသပ်ပျံသန်းမှုကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ လိုင်ယောင်နင်းခရိုင်၊ ရှန်ယန်းမြို့တွင် ပြီးခဲ့သည့် စနေနေ့က ပျံသန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေယာဉ်သည် တောင်ပံအလျား ၁၃ မီတာခွဲရှိပြီး၊ ခရီးသည်အပြည့်တင်ဆောင်လျှက် တစ်နာရီလျှင် ကီလိုမီတာ ၁၈၀(၁၁၂ မိုင်ခန့်) အမြန်ဆုံးနှုန်းဖြင့် ပျံသန်းနိုင်ကြောင်းသိရသည်။

ထို့အပြင် ယင်းလေယာဉ်သည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုဖြစ်စေသည့် ကာဘွန်ထုတ်လွှတ်မှု ကင်းစင်သော လေယာဉ်လည်းဖြစ်ကြောင်း ထုတ်လုပ်သည့် ကုမ္ပဏီက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here