စားအုန်းဆီတင်လာသည့်ကား ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင်တိမ်းမှောက် ၂ ဦးဒဏ်ရာရ

0
186

ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် မတ် ၃၀ ရက် (ယနေ့)နံနက်အစောပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၅ နာရီ ၅၅ မိနစ်ခန့်က ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၏ မိုင်တိုင်အမှတ် ၈၀/၆ တွင် စားအုန်းဆီများတင်လာသည့်ကားတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ကယ်ဆယ်ရေးလုပ်ငန်းနဲ့လမ်းပေါ်မှာရှင်းလင်းရေးလုပ်ကန်းပြီးချိန်က မနက် ၈ နာရီလောက်မှာပြီးသွားတာပါ ၂ ယောက်ထိခိုက်မိတယ် မစိုးရိမ်ရပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် အမျိုးသား ၂ ဦးမှာ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် စေတနာပရဟိတအသင်းမှ ညောင်လေးပင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here