ကျောက်မဲတွင် ကုန်တင်ယာဥ်တစ်စီး ဘရိတ်ပေါက်ရာမှ ယာဉ် (၃) စီးဆင့်တိုက်ပြီး ယာဉ်မောင်းတစ်ဦး ဒဏ်ရာရ

0
96

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမပေါ်ရှိ ဂုတ်တွင်းအဆင်းတွင် ယနေ့မတ် (၃၀) ရက် နံနက်ပိုင်းက ယာဥခ(၃) စီးဆင့်တိုက်မှု ဖြစ်ပွားကာ ယာ ဉ်မောင်းတစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားကြော င်း ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ သိရသ ည်။

ယနေ့နံနက် (၉) နာရီခန့်က ကုန်တင်ယာဥ်တစ်စီးမှ ဘရိ တ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အခြားကုန်တင်ယာဉ် နှစ်စီးအား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။

“ဂုတ်တွင်းအဆင်း ကျောက်မဲရေကန်အောက်ကွေ့မှာဖြစ်သွားတာပါ။ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်တော့ နော က်ထပ် ကုန်ကားနှစ်စီးကို ဝင်တိုက်မိသွားတာ”ဟု လူမှုကူ ညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဥ်ကြောင့် ကုန်တင်ယာဉ်မောင်းတစ်ဦး၏ ခြေထောက်တွင် ပွန်းပဲ့ဒဏ်ရာရရှိခဲ့သဖြင့် ကမ်းလင့်လ က်များ လူမှုကူညီရေးအသင်းက မြေပြင်ကုသမှုများပြု လုပ်ပေးခဲ့ကြကြောင်း သိရသည်။

“လမ်းကတော့ပိတ်သွားတာပေါ့။ ကုန်တင်ကား (၃) စီးဆိုတော့ ဆိုင်ကယ်တောင်သွားလို့ မရတဲ့ အနေအထားဖြစ်သွားတယ်။ ရှင်းလင်းရေးတွေ လုပ်နေကြတယ်။ လမ်းပွင့်ဖို့က နည်းနည်းကြာမယ်။ ခန့်မှန်း (၂) နာရီကျော်လော က်တော့ကြာနိုင်တယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here