တာဝါတိုင်များ မကြာခဏ ဖောက်ခွဲခံနေရသဖြင့် စက်ရုံ၊ အလုပ်ရုံများကိုဓာတ်အားသုံးစွဲမှု ထပ်မံကန့် သတ်မည်ဟု YESC ထုတ်ပြန်

0
350

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံအလုပ်ရုံများကိုလျှပ်စစ်ဓာတ်အားအကန့်အသတ်ဖြင့် ဖြန့်ဝေသွားမည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က အသိပေးထားသည်။

လောပိတမဟာဓာတ်အားလိုင်းတွေ၏ ၂၃၀ ကေဗွီတာဝါတိုင်များ မကြာခဏ ဖောက်ခွဲခံနေရပြီး  ဘီလူးချောင်း(၁)၊(၂)၊(၃) ဓာတ်အားပေးစက်တွေကနေ ထုတ်လုပ်သည့် ဓာတ်အားများလျော့နည်းလျက်ရှိကြောင်း YESC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့် မတ်လ (၂၈) ရက်မှ လာမည့် ဧပြီလ (၃ဝ) ရက်အထိ စက်မှုလုပ်ငန်းများအနေဖြင့် ညနေ (၅) နာရီမှ ည (၁၁) နာရီအထိ ဌာနမှ ထုတ်လွှတ်သည့် လျှပ်စစ်ဓာတ်အားနှင့်လုပ်ငန်းဆောင်ရွက်ခြင်းမပြုလုပ်ရန် အသိပေးထားသည်။

ယင်းအပြင် ဓာတ်အားစနစ်အတွင်း ဓာတ်အားပြတ်တောက်မှုများ မဖြစ်စေရန် အရေးပေါ်ဝန်အားလျှော့ချခြင်းကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here