အင်ဒိုနီးရှားကို ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အိမ်ရှင်အဖြစ်မှ ဖီဖာ ဖယ်ရှား

0
155

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာသည် အင်ဒိုနီးရှားကို အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်မှ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း မတ်လ ၂၉ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှား၏ ဘောလုံးအဖွဲ့ချုပ် (PSSI) သည် ၎င်းနိုင်ငံ၌ အစ္စရေး လက်ရွေးစင်အသင်း လာရောက်ယှဉ်ပြိုင်မည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် ယူ-၂၀ ကမ္ဘာ့ဖလားအတွက် အုပ်စုအဆင့် မဲနှိုက်ပွဲကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီးနောက် အဆိုပါဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အင်ဒိုနီးရှားသည် အစ္စရေး-ပါလက်စတိုင်း အရေးအခင်းတွင် ပါလက်စတိုင်းဘက်မှ အပြည့်အဝ ထောက်ခံအားပေးနေသည့်အတွက် ယခုလအစောပိုင်းကလည်း အစ္စရေး လက်ရွေးအသင်း ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင်မည့်ပေါ် ဆန္ဒပြပွဲများ ပြုလုပ်ကာ ကန့်ကွက်ခဲ့ကြသည်။

ထို့ကြောင့် ဖီဖာသည် လက်ရှိဖြစ်ပွားနေသော အခြေအနေအရပ်ရပ်အရ အင်ဒိုနီးရှားကို ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အိမ်ရှင်အဖြစ်မှ ဖယ်ရှားလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ကြေညာခဲ့သည်။ အိမ်ရှင်နိုင်ငံအသစ်ကို အမြန်ဆုံး ကြေညာပေးမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပမည့် ရက်စွဲကိုမူ ပြောင်းလဲထားခြင်း မရှိသေးကြောင်း ဖီဖာ ကဆိုသည်။ ယူ-၂၀ ကမ္ဘာ့ဖလားကို မေလ ၂၀ ရက်မှ ဇွန်လ ၁၁ ရက်အထိ ကျင်းပရန် စီစဉ်ထားသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here