ရန်ကုန်-မန္တလေးအမြန်လမ်းတွင်အိမ်စီးကား အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိခရေပင်ကိုဝင်တိုက် ကားမောင်းသူသေဆုံး

0
183

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် မတ် ၂၉ ရက်နံနက်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

ယမန်နေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၏ ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၄၁/၇ နှင့် ၄၂/၀ ကြားတွင် ရန်ကုန်ဘက်မှနေပြည်တော်ဘက်သို့ အမျိုးသားတစ်ဦးမောင်းနှင်လာသည့်  Fencon ix7 (အဖြူရောင်)ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိခရေပင်အားဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်ဘောနတ်ကြီးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ကားမောင်းလာသူမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် 192 နာရေးကူညီမှုကားဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here