ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် ဗိုဗီနမ်ပြိုင်ပွဲတွင် မြန်မာက ရွှေ(၅)၊ ငွေ (၄)၊ ကြေးတံဆိပ် (၁၈) စုစုပေါင်း ဆုတံဆိပ် (၂၇) ဖြင့် နိုင်ငံအလိုက် အဆင့်(၃)​ဖြင့် တတိယဆုရရှိ

0
224

ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၃ ခုနှစ်၊ မတ်လ(၂၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် 6th SEAVF Southeast Asian vovinam championship 2023 ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲကို မတ်လ ၂၅ ရက်မှ ၃၀ရက် အထိကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်နိုင်ငံ (၇)နိုင်ငံ ဝင်​ရောက်ယှဥ်ပြိုင်ခဲ့ရာ မြန်မာဗိုဗီနမ်အသင်းက ရွှေတံဆိပ် (၅) ခု၊ ငွေတံဆိပ် (၄)ခု၊ ကြေးတံဆိပ် (၁၈)ခု၊ စုစုပေါင်း ဆုတံဆိပ် (၂၇)ခုဖြင့် နိုင်ငံအလိုက် အဆင့် (၃)​ ရပ်တည်ကာ တတိယဆု ရရှိခဲ့သည်။

Sea Games အကြိုအဖြစ်ကျင်းပသည့် 6th SEAVF South Asian Vovinam Championship 2023 သို့အဖွဲ့ခေါင်းဆောင် မြန်မာနိင်ငံသိုင်းအဖွဲ့ချုပ်ဒုတိယဥက္ကဌဦးမျိုးနောင်၊အုပ်ချုပ်သူ ဦးလွမ်းအောင် လက်ထောက်ညွှန်ကြားရေးမှူး( အား/ကာ)နည်းပြ အမျိုးသား ၁ဦး၊အမျိုးသမီး ၁ဦး၊ ဒိုင် အမျိုးသား ၁ဦး၊အမျိုးသမီး ၁ဦး၊ အားကစားသမား အမျိုးသား ၁၀ဦးနှင့်အမျိုးသမီး ၁၀ဦး၊ စုစုပေါင်း ၂၇ဦးတို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here