ချမ်းအေးသာစံမြို့နယ်ရှိ ၂ ထပ်နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွား

0
112

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်ရှိ ၂ ထပ်နေအိမ်တစ်လုံးတွင် မတ် ၃၀ ရက်(ယနေ့)ညနေက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေညနေ ၄ နာရီ ၂၀ မိနစ်ခန့်က ချမ်းအေးသာစံမြို့နယ်၊ ၆၂ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ ၂ ထပ်နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် ညနေ ၄ နာရီ ၃၁ မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး မီးလောင်ကျွမ်းခဲ့သည့် ၂ ထပ်နေအိမ်မှာ ပျက် စီးဆုံးရှုံးသွားခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့် အကြောင်းရင်းအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo-Ko Than Htay


LEAVE A REPLY

Please enter your comment!
Please enter your name here