ကျောက်ကြီးတွင် အုတ်တင်ကားတစ်စီးလက်လုပ်ကားမိုင်းအားနင်းမိပေါက်ကွဲ၊ ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရ‌

0
222

ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်၊နတ်သံကွင်း-
ကျောက်ကြီးသွားကားလမ်းတွင် မတ် ၃၀ ရက်နံနက်က အုတ်တင်ကားမှ KNLA အဖွဲ့ဝင်များထောင်ထားသည့် လက်လုပ်ကားမိုင်းအားနင်းမိ၍ပေါက်ကွဲခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယမန်နေ့နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က ပဲနွယ်ကုန်းမြို့နေ မောင်စိန်မင်းမောင်းကာ အမျိုးသား ၄ ဦးလိုက်ပါလာသည့် အုတ်တင်ကားသည် ကျောက် ကြီးမြို့နယ်၊နတ်သံကွင်း-ကျောက်ကြီးသွားကားလမ်းအတိုင်း နတ်သံကွင်းကျေးရွာဘက်မှ ကျောက်ကြီးမြို့ဘက်သို့ အုတ်များတင်ဆောင်၍ မောင်းနှင်လာစဥ် ရန်မျိုးအောင်တံတားအနီးအရောက် KNLA အဖွဲ့ဝင်များထောင်ထားသည့် လက်လုပ်ကားမိုင်းအား နင်းမိသွားခဲ့သည်။

လက်လုပ်ကားမိုင်းအားနင်းမိ၍ ပေါက်ကွဲမှုဖြစ် ပွားကာ အုတ်တင်ကားပေါ်တွင်လိုက်ပါလာသူ များအနက် အမျိုးသား ၁ ဦးမှာ မိုင်းစထိမှန်ဒဏ် ရာများရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသား ၄ ဦးတွင်လည်း မိုင်းစထိမှန်ဒဏ် ရာများရရှိခဲ့သဖြင့် ကျောက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ရန်မျိုးအောင်တံတားနားမှာကပ်ပြီး ထောင်ထားတဲ့လပ်လုပ်ကားမိုင်းကိုနင်းမိတာပါ တံတားလည်းအနည်းအကျဥ်းပျက်စီးသွားတာတွေရှိတယ် ကားခေါင်းပိုင်းက မိုင်းထိထားတာတွေများတယ် လုံးဝကိုစုတ်ပြတ်သတ်သွားတဲ့အနေအ ထားပေါ့ “ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များကစစ်ဆေး၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here