ဆီဒီုးနားဟိုတယ်မြေကို ကန့်ကွက်သူပေါ်ပေါက်လာ

0
295

ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၏ မြေဧရိယာအတွင်း မခွဲစိတ်ရသေးသည့် မြေပိုင်ဆိုင်မှုများ ပါဝင်နေသည့်အတွက် အဆိုပါ မြေကိုရောင်းချခြင်း၊ ငှားရမ်းခြင်းများ မပြုလုပ်ရန် နိုင်ငံပိုင် သတင်းစာကနေတစ်ဆင့် ကန့်ကွက်ကြော်ငြာထည့်သွင်းခဲ့သည်။

ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်အား စင်ကာပူလုပ်ငန်းစု Spring Blossom Ventures က ပိုင်ရှင်ဖြစ်သည့် စင်ကာပူကုမ္ပဏီ Keppel Land ထံမှ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ မီလီယံ (ကျပ် ၁၆၄ ဘီလီယံကျော်) ဖြင့် ဝယ်ယူရန် သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်းတွင် အဆိုပါမြေနေရာနှင့် ပတ်သက်၍  ကန့်ကွက်ကြော်ငြာစာ ထည့်သွင်းလာခြင်းဖြစ်သည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ သုခဝတီလမ်း၊ မြေတိုင်းရပ်ကွက် အမှတ် (၈၆)၊ ကံဘဲ့၊ ဦးပိုင်မြေကွက်အမှတ် ၈ ၊ ၁၅ နှင့် ၁၆၊ ဧရိယာအကျယ်အဝန်း (၂၇ ဒသမ ၀၁)၊ (၀ ဒသမ ၆၅)ဧက နှင့် (၀ ဒသမ ၁၉)ဧကရှိ မခွဲမစိတ်ရသေးသော မြေတိုမှာ စူနီရမ်ရပ်မရှား (Sooniran Rameshur) အမည်ပေါက်ဖြင့် ပိုင်ဆိုင်လျက်ရှိကြောင်း အများသိစေရန် ကြော်ငြာတွင် ထည့်သွင်းဖော်ပြထားပြီး ယင်းအတွက် မြေနေရာနှင့် ပတ်သက်၍ ပိုင်ဆိုင်သည့် ဦးရဲဝင်းအောင်ဆိုသူ၏ ခွင့်ပြုချက်မရဘဲ မြေကို လက်လွှဲရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ လှူဒါန်းခြင်း၊ ကျူးကျော်ဝင်ရောက်ခြင်းမျိုး မပြုလုပ်ရန် ရှေ့နေဖြင့် လွှဲအပ်ပြီး ကန့်ကွက်ထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here