လေအားလျှပ်စစ်စံမံကိန်း ၃​ နေရာ စုစုပေါင်းမဂ္ဂါဝပ် ၃၀၀ ​​ကျော်တို့အတွက် ရုရှားနိုင်ငံမှ လာရောက်
အဆိုပြု

0
204

ရုရှားနိုင်ငံ၊ Rusatom International Network, ROSATOM မှလေအားလျှပ်စစ်စီမံကိန်းများ၏ ပုပ္ပားဒေသ ၂၀၀ မဂ္ဂါဝပ်၊မင်းလှဒေသ ၁၁၆ မဂ္ဂါဝပ်နှင့်မင်းတုန်းဒေသ ၅၆ မဂ္ဂါဝပ်တို့အတွက် စီမံကိန်းအဆိုပြုလွှာများကိုလာရောက်တင်ပြခဲ့ကြောင်း မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်ဆက် လက်ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာများဆွေးနွေးပွဲမှ သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်နှင့်ရုရှားနိုင်ငံ၊ ROSATOM မှတာဝန်ရှိသူများ မတ် ၃၀ ရက်မွန်းလွဲ ၂ နာရီခွဲက တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဖေဖော်ဝါရီလက ရန်ကုန်မြို့သို့ Rosatom မှ ကိုယ်စားလှယ်အဖွဲ့လာရောက်စဉ် ရေအားလျှပ်စစ်ကဏ္ဍ၌ အသေးစားစီမံကိန်းများအပြင် အကြီးစားရေအားလျှပ်စစ်စီမံကိန်းများကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြောင်းနှင့်လေအား လျှပ်စစ်ကဏ္ဍတွင် နိုင်ငံတစ်ဝန်းဇုန် ခြောက်ခုတို့၌ စုစုပေါင်းတပ်ဆင်အင်အား မဂ္ဂါဝပ် ၈၀၀၀ ကျော်အထိ တင်ဒါခေါ်ယူသွားမည့် အစီအစဉ်များအပေါ် ရင်းနှီးမြှုပ်နှံမှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြောင်းကို ပြောကြားခဲ့ပြီးဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ထို့ပြင် ပူတာအိုဒေသတွင် အသေးစားရေအားလျှပ်စစ်စီမံကိန်းများကို ဆောင်ရွက်နိုင်ပါက ROSATOM ၊ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများပူးပေါင်း၍ ပြည်သူများအတွက်လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို လျင်မြန်စွာဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးစေလိုသည်ဟု ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့သည်။

ROSATOM မှ အကြီးအကဲမစ္စတာ ဗာဒင်တီတောကလည်းမြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်​ကြောင်း အသေးစားရေအားလျှပ်စစ်များထုတ်လုပ်နိုင်ရန် ၁ မဂ္ဂါဝပ်အောက် ထုတ်လုပ်နိုင်သည့် စက်ပစ္စည်းများအသင့်ရှိသည်ဟု ပြောကြားသွားသည်။

ထို့နောက် လေအားနှင့်အသေးစားရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အား အသေးစိတ်ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here