ကန်တပ်ကီပြည်နယ်၌ လေ့ကျင့် ရေးလုပ်နေသည့် အမေရိကစစ်ရဟတ်ယာဉ်နှစ်စီးပျက်ကျ

0
149

ကန်တပ်ကီ၊မတ် ၃၀

အမေရိကန်နိုင်ငံ၌ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ကန်တပ်ကီတွင် ပုံမှန်လေ့ကျင့်ရေးမစ်ရှင်တစ်ခုပြုလုပ်နေသော အမေရိကန်စစ် တပ်၏ Black Hawk ရဟတ်ယာဉ်နှစ်စီး ပျက်ကျခဲ့သဖြင့် လူကိုးဦးသေဆုံးခဲ့ကြောင်းသိရသည်။

အမှုထမ်းအဖွဲ့ဝင်များသည် ၁၀၁ လေယာဥ်တင် တပ်မ ကလုပ်ဆောင်သည့် HH – 60 Black Hawk ရဟတ်ယာဉ်နှစ်စီးဖြင့် ပျံသန်းလေ့ကျင့်နေခဲ့ပြီး ည ၁၀ နာရီဝန်းကျင်တွင် ပျက်ကျခဲ့ခြင်းဖြစ်‌ကြောင်းသိရသည်။

“ရဟတ်ယာဉ်ပျက်ကျမှု အစောပိုင်းသတင်းကို Fort Campbell မှာရခဲ့ပြီး သေဆုံးမှုတွေရှိမယ်လို့ ခန့်မှန်းထားပါတယ်” ဟု Andy Beshear ကတွစ်တာ၌တင်ခဲ့ပြီး ဒေသဆိုင်ရာအာဏာပိုင်များနှင့်အရေးပေါ်ကယ်ဆယ်မှုများဖြင့် မတော်တဆမှုအတွက် ဆက်လက်ဆောင်ရွက်နေကြောင်းလည်းပြောကြားခဲ့သည်။

HH – 60 ရဟတ်ယာဉ်သည် လေကြောင်း တိုက်ခိုက်မှုနှင့်ဆေးဘက်ဆိုင်ရာ၊ကယ်ဆယ်ရွှေ့ပြောင်းခြင်းသာမက စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးအမျိုးမျိုးအတွက်ပါပံ့ပိုးကူညီရန် ဒီဇိုင်းထုတ်ထားသည့် Black Hawk ရဟတ်ယာဉ် အမျိုးအစားဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here