ဧပြီတွင် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ရုရှားမှ ဆာဂေးလာရောဗ့် က တာဝန်ယူသွားမည်

0
191

ယူကရိန်းတွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်သည် ဧပြီလတွင် နူးယော့ခ်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဥက္ကဌအဖြစ် တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ကုလ လုံခြုံရေးကောင်စီရှိ အဖွဲ့ဝင် ၁၅ နိုင်ငံသည် လစဉ်လတိုင်း ဥက္ကဌရာထူးကို အလှည့်ကျ တာဝန်ယူရပြီး ဧပြီလတွင် ရုရှားက ကြီးမှူးရမည့် အလှည့် ကျရောက်လာခြင်းဖြစ်သည်။

ယူကရိန်းကမူ ၎င်းနိုင်ငံရှိ အရေးအခင်းနှင့် ပတ်သက်၍ ရုရှားအား လုံခြုံရေးကောင်စီမှ ဖယ်ရှားပေးရန် တောင်းဆိုထားပြီး နောက်လတွင် ရုရှားက ဥက္ကဌအဖြစ် တာဝန်ယူမည် ဆိုသည်မှာ ဆိုးရွားလှသည့် ပြက်လုံး တစ်ခုသာ ဖြစ်သည်ဟုဆိုကာ ရှုံ့ချထားသည်။

သို့ရာတွင် လုံခြုံရေးကောင်စီ ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံတွင် ပါနေသည့် ရုရှားအား ကောင်စီမှ ဖယ်ရှားမည့် စိတ်ကူးသည် လက်တွေ့တွင်မူ မဖြစ်နိုင်လောက်အောင် ခက်ခဲနေပေသည်။

ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ်ကြီး ဗာစီလီ နဗင်ဇာ ၏ ပြောဆိုချက်အရ မော်စကိုသည် ရုရှားက ယူကရိန်းကလေးငယ်များအား ပြန်ပေးဆွဲနေသည်ဟူသော ကိစ္စရပ်အပေါ် ဖြေရှင်းချက်ပေးရန်အတွက် လုံခြုံရေးကောင်စီကို ကြီးမှူးကျင်းပသွားမည် ဖြစ်သည်။

Source: ဒေးလီးမေးလ်


LEAVE A REPLY

Please enter your comment!
Please enter your name here