“ME” အယ်လ်ဘမ်ဖြင့် ပထမဆုံးအကြိမ် တစ်ကိုယ်တော် ပွဲထွက်လာတဲ့ BlackPink အဖွဲ့ဝင် ဂျီဆူး

0
225

နာမည်ကျော် ကေပေါ့ အဖွဲ့ဖြစ်တဲ့ Blackpink ထဲက အဖွဲ့ဝင် ဂျီဆူးဟာ မတ်လ ၃၁ ရက် သောကြာနေ့မှာ “ME” ဆိုတဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်နဲ့ ပထမဆုံးအကြိမ် ပွဲဦးထွက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ ပွဲဦးထွက်လာတဲ့ Blackpink အဖွဲ့ဟာ ကမ္ဘာ့အကျော်ကြားဆုံး ကေပေါ့အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင် ၄ ယောက်ရှိတဲ့ အထဲ အသက်အကြီးဆုံးဖြစ်တဲ့ ဂျီဆူးဟာ အဖွဲ့ထဲမှာ တစ်ကိုယ်တော် အယ်လ်ဘမ် ထုတ်တဲ့ နောက်ဆုံး အဖွဲ့ဝင်ဖြစ်လာပါတယ်။

ဂျီဆူးရဲ့ အယ်လ်ဘမ်ဟာ မထွက်ခင်ကတည်းက ကြိုတင်ရောင်းချခဲ့ရာ မှာယူသူ ၁ ဒသမ ၂၄ သန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ တောင်ကိုရီးယားသမိုင်းတစ်လျှောက် ကေပေါ့ အမျိုးသမီး အဆိုတော်တစ်ဦးက တစ်ကိုယ်တော် အယ်လ်ဘမ်ထုတ်တဲ့အခါမှာ အများဆုံး ကြိုတင် မှာယူခံရတဲ့ အရေအတွက် ဖြစ်လာပါတယ်။

အခြားအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ လီဆာနဲ့ ရို့စ် ကတော့ ၂၀၂၁ ခုနှစ်မှာ တစ်ကိုယ်တော် အယ်လ်ဘမ် ထုတ်ခဲ့ပြီး ဂျန်နီ ကတော့ ၂၀၁၈ ခုနှစ်မှာ ထုတ်ဖြစ်ခဲ့ပါတယ်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here