မကွေးမြို့တွင်ရာသီဥတုပူ၍​ရေဆင်းချိုးရာမှ ရေနစ်သွားသည့် အမျိုးသား၏ရုပ်အလောင်းအား မိနစ်ပိုင်းအကြာတွင်ပြန်တွေ့

0
211

မကွေးတိုင်း၊မကွေးမြို့၊မြို့ဟောင်းရပ်ကွက်ရှိ ချောင်းတစ်ခုအတွင်း၌ မတ် ၃၁ ရက်(ယနေ့)ညနေ ၄ နာရီ ၃၁ မိနစ်ခန့်က အမျိုးသား ၁ ဦးရေနစ်ပျောက်ဆုံးသွားခဲ့သည်။

ထို့ကြောင့် မကွေးခရိုင်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောက်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၃၈ မိနစ်တွင် သေဆုံးလျက်ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

“သက်လတ်ပိုင်းအရွယ်ပါပဲ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်ရပါတယ်။ ရာသီဥတုပူလို့ရေဆင်းချိုးတယ်လို့တော့ သိထားတာပါတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေနစ်သေဆုံးသူ၏ ရုပ်အလောင်းအား ဂရုဏာရှင်လူမှုကူညီရေးအသင်းကားဖြင့် မကွေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here