ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အမှူးပြုတည်ထားသည့် စစ်တွေမြို့ရှိ လောကာနန္ဒာစေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ငှက်မြတ်နားတော်တို့အား နစက ဥက္ကဋ္ဌတင်လှူပူဇော်

0
229

ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ရဲနွယ်စုရပ်ကွက်၊မေယုလမ်းနှင့်သတ္တုဌာနလမ်းဆုံ၌ ၁၉၉၉ ခုနှစ်၊ဖေဖော်ဝါရီ ၂၈ ရက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အမှူးပြု၍ ရွှေထီးတော်တင်လှူခဲ့သည့် လောကာနန္ဒာစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွန်းမံပြီးနောက် မတ် ၃၁ ရက်နံနက်တွင် ရတနာစိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့အား နစက ဥက္ကဋ္ဌမှတင်လှူပူဇော်ခဲ့သည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊တွဲဖက်အကျိုးတော်ဆောင်၊မင်းပြားမြို့၊ပရိယတ္တိ ဓမ္မိကာရာမ စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာသဓမ္မဇော တိကဓဇအဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဣန္ဒာစရိယ အမှူးပြုသည့် ဆရာတော်၊သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။

နစက ဥက္ကဋ္ဌနှင့်ဇနီးအပါအဝင် ဧည့်ပရိတ်သတ်များက ကိုးပါးသီလလခံယူဆောက်တည်ပြီး ပရိတ်ပန်း၊ပရိတ်ရေ၊ပ ရိတ်ချည်၊ပရိတ်သဲများကိုဆက်ကပ်ပြီး‌နောက် ဆရာတော်၊သံဃာတော်များက ပရိတ်တရားတော်များရွတ်ပွားချီးမြှင့်တော်မူခဲ့ကြသည်။

နစက ဥက္ကဋ္ဌနှင့်ဇနီးတို့က ရတနာစိန်ဖူးတော်၊ငှက် မြတ်နားတော်တို့ကို ဆက်ကပ်ပြီး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ စစ်တွေမြို့၊ဓမ္မသုခကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမ ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီး၊တာဝန်ရှိသူများက ရတနာစိန်ဖူးတော်၊ငှက်မြတ်နားတော်တို့ကို စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူ ဇော်ကာ မင်္ဂလာအချိန်တွင် စေတီတော်အထွတ်၌ တင်လှူပူဇော်ခဲ့ကြပြီးနောက် ဆရာတော်၊သံဃာ တော်များက ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိတ်သွန်းတော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ စေတီတော်မြတ်ကြီးလုံးတော်ပြည့်ရွှေသ င်္ကန်းကပ်လှူပူဇော်ရန် အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

လောကာနန္ဒာစေတီတော်မြတ်ကြီးအား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အမှူးပြု၍ ၁၉၉၅ ခုနှစ်၊ဖေ ဖော်ဝါရီ ၁၈ ရက်မှစ၍တည်ထားကိုးကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ၁၉၉၉ ခုနှစ်၊ဖေ ဖော်ဝါရီ ၂၈ ရက်တွင် ရွှေထီးတော်တင်မင်္ဂလာနှင့် မတ် ၂ ရက်တွင် စေတီတော်ကြီးအနေကဇာတင် အခမ်းအနားတို့ကိုကျင်းပခဲ့သည်။

စေတီတော်ကြီးသည် ဉာဏ်တော်အမြင့် ၁၀၈ တောင်၊ ပေအားဖြင့် ၁၆၂ ပေ၊ အချင်း ၂၃၂ ပေ၊ ရင်ပြင်တော်အကျယ် ၄၅၉ ပေရှိပြီး အရံစေတီတော် ၈ ဆူရှိကာ စေတီတော်၏ မုခ်ပေါက်လေးဘက်ကို ရှေးဟောင်းရခိုင်လက်ရာပုံစံများနှင့် ကျောက်ကိုထွင်းဆစ်ပြုလုပ်ထားပြီး အတွင်းနံရံလေးဘက်တွင် ဗုဒ္ဓမြတ်စွာဘုရား ၏ ဖြစ်တော်စဉ် ၅၅၀ ဇာတ်နိပါတ်တော်များကို မြန်မာမှု ပန်းလတမော့လက်ရာ ရုပ်လုံးရုပ်ကြွများဖြင့်ထွင်းထုထားပြီး လိုဏ်ဂူတော်အတွင်းတွင် အရပ်လေး မျက်နှာသို့ မျက်နှာမူနေသည့် ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမ ဘုရားရှင်တို့၏ ကြေးသွန်းဆင်းတုတော်လေးဆူအား ရခိုင်ရှေးခေတ်လက်ရာပုံစံများဖြင့်ထုဆစ်ကာ ကျောက်သားပလ္လင်များပေါ်တွင်ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here