ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်အတွင်းရှိ လေယာဉ်ကွင်းများကိုတိုးချဲ့သွားမည်

0
194

ရခိုင်ပြည်နယ်သည် ခရီးသွားလုပ်ငန်းအတွက် အလားအလာရှိခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌက ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား  မတ် ၃၁ ရက်မွန်းလွဲပိုင်းက တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်သည် ခရီးသွားလုပ်ငန်းအတွက် အလားအလာများစွာရှိသည့် ဒေသတစ်ခုဖြစ်ပြီး ငပလီကမ်းခြေကဲ့သို့ ကမ္ဘာကျော်ကမ်းခြေများရှိကာ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသလည်းရှိသည်။ဒေသတွင်း သာယာလှပရေး၊တည်ငြိမ်အေးချမ်းရေး၊လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးတို့ကို ဆောင်ရွက်နိုင်ပါက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဒေသအတွက်ဝင်ငွေများရရှိလာမည်ဟု ဆိုသည်။

“ရခိုင်ပြည်နယ်အတွင်းက လေယာဉ်ကွင်းတွေကို တိုးချဲ့ဖို့အတွက်လည်း ဆောင်ရွက်နေပါတယ်။ မိမိတို့တာဝန်ယူချိန်ကာလအတွင်းမှာ ရနိုင်သမျှ ဆောင်ရွက်ပေးသွားပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

နိုင်ငံတော်အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သမျှဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသခံများမှလည်း မိမိတို့တတ်နိုင်သည့် အခန်းကဏ္ဍများမှ ဝိုင်းဝန်းဆောင်ရွက်သွားပါက ရခိုင် ပြည်နယ်သည် များစွာဖွံ့ဖြိုးတိုးတက်လာမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here