အလွန်သေးငယ်သောအမှုန်များအား နာနိုနည်းပညာဖြင့် ပုံဆောင်ခဲတစ်ခုအလိုအလျောက်ဖြစ်စေနိုင်ပြီ

0
273

အမေရိကန်ပြည်ထောင်စု Northwestern တက္ကသိုလ်နှင့် အီလီနွိုက်စ်ပြည်နယ်တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များသည် သူ့အလိုအလျှောက် ပုံဆောင်ခဲတစ်ခုအဖြစ် စုစည်းသွားနိုင်သည့် အလွန်သေးငယ်သော ပုံဆောင်ခဲအမှုန်အမွှားလေးများကို နာနိုနည်းပညာဖြင့် ဖန်တီးနိုင်ခဲ့ကြသည်။

ယင်းနည်းပညာသည် အီလက်ထရွန်းနစ်ပစ္စည်းများအတွက် အိုင်စီများ၊ ရုပ်ပေါ်စကရင်များ၊ အစရှိသည်တို့ကို ပြုလုပ်ရန်အတွက် အလွန်လွယ်ကူသွားစေသလို၊ AI နည်းပညာဖြင့် ပေါင်းစပ်ခြင်းအားဖြင့် လူ့ခန္ဓာကိုယ်ထဲတွင် အလိုအလျှောက်အလုပ်လုပ်နိုင်သော အလွန်သေးငယ်သည့် စက်ရုပ်ကလေးများကို ဖန်တီးလာနိုင်မည်ဟု Nature Nanotechnology မဂ္ဂဇင်းတွင် ရေးသားဖေါ်ပြထားသည်။

ယခုနည်းပညာကို အီလက်ထရွန်းနစ်ပစ္စည်းအသစ်များ ဒီဇိုင်းထုတ်ရာတွင် အသုံးပြုနိုင်ကြောင်း သုတေသီအဖွဲ့က ပြောကြားခဲ့သည်။

Ref: Mesmerizing Process of Nanoparticles Self-Assembling Into Crystals


LEAVE A REPLY

Please enter your comment!
Please enter your name here